လိုဗရန်က "လီဗာပူးလ်က ထွက်ခွာခဲ့တာ နောင်တမရပါဘူး။ ကျွန်တော် လီဗာပူးလ်ကို လွမ်းတာထက် သူတို့က ကျွန်တော့်ကို ပိုလွမ်းနေမယ်ထင်တယ်။ ကလော့ပ် ဒါကို သိပါတယ်။ သူ ကျွန်တော့်ဆီ ငါတို့ မင်းကို လွမ်းတယ်လို့ စာပို့လေ့ရှိတယ်"ဟု Sport-Express သို့ ပြောကြားခဲ့သည်။
ဇင်းနစ်နောက်ခံလူ လိုဗရန်က မိမိ လီဗာပူးလ်အသင်းကို လွမ်းသည်ထက် လီဗာပူးလ်က မိမိကို ပိုလွမ်းနေလိမ့်မည်ဟု ပြောကြားခဲ့သည်။
လိုဗရန်သည် ပွဲကစားခွင့် လုံလောက်စွာမရ၍ ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က လီဗာပူးလ်မှ ဇင်းနစ်ထံ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
လိုဗရန်သည် လီဗာပူးလ်အသင်းနှင့် (၆)နှစ်ကြာ လက်တွဲခဲ့သူဖြစ်ပြီး ပွဲပေါင်း(၁၈၅)ပွဲကစားကာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ခံစစ်ဒဏ်ရာပြဿနာများကြောင့် ခေါင်းခဲနေရပြီး ကွင်းလယ်လူများနှင့် လူငယ်ကစားသမားများက ခံစစ်တွင် ဖြည့်ကစားပေးနေရကာ ရလဒ်များလည်း ကျဆင်းလျက်ရှိသည်။
လိုဗရန်က "လီဗာပူးလ်က ထွက်ခွာခဲ့တာ နောင်တမရပါဘူး။ အဲဒီမှာ ကျွန်တော် ပြီးခဲ့တဲ့ရာသီမှာ လုံလုံလောက်လောက် ကစားခွင့်မရလို့ စိတ်ပျက်ခဲ့ရတယ်။ အခုတော့ အားလုံးက ခြားနားသွားပါပြီ။ ကျွန်တော် လီဗာပူးလ်ကို လွမ်းတာထက် သူတို့က ကျွန်တော့်ကို ပိုလွမ်းနေမယ်ထင်တယ်။ ကလော့ပ် ဒါကို သိပါတယ်။ သူ ကျွန်တော့်ဆီ ငါတို့ မင်းကို လွမ်းတယ်လို့ စာပို့လေ့ရှိတယ်"ဟု Sport-Express သို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
