တင်းနစ်ကမ္ဘာ့အဆင့်ထိပ်ဆုံး(၁၀)ဦးစာရင်းတွင် စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နဒါးလ်က ရက်သတ္တပတ်(၈၀၀)ဆက်တိုက် စံချိန်တင်ရပ်တည်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နဒါးလ်အနေဖြင့် သူ၏ကစားသမားသက်တမ်းတစ်လျှောက် (၁၅)နှစ်ကျော်အတွင်း ကမ္ဘာ့အဆင့်ထိပ်ဆုံး(၁၀)ဦးစာရင်း၌ ယင်းသို့ ရက်သတ္တပတ်(၈၀၀)ပတ်ဆက်တိုက် ရပ်တည်နိုင်သည့် ပထမဆုံးတင်းနစ်သမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
လက်ရှိကမ္ဘာ့အဆင့်(၂)နေရာတွင် ရပ်တည်လျက်ရှိသည့် နဒါးလ်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း အမေရိကန်တင်းနစ်ဂန္ထဝင် ဂျင်မီကောနားစ် တင်ရှိထားသည့် ကမ္ဘာ့ အဆင့်ထိပ်ဆုံး(၁၀)ဦးစာရင်း၌ ရက်သတ္တပတ် (၇၈၉)ပတ်ဆက်တိုက်ရှိနေခဲ့သည့်စံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။
၎င်းအနေဖြင့် သူရယူထားသည့် ပြင်သစ်အိုးပင်းချန်ပီယံဆု (၁၃)ကြိမ်၏ ပထမဆုံးဆုဖလားမရယူမီ ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက ထိပ်ဆုံး(၁၀)ဦးစာရင်းသို့ စတင်ဝင်ရောက်နိုင်ခဲ့သည်။
အသက်(၃၄)နှစ် ရှိပြီဖြစ် သူ နဒါးလ်သည် ဆွစ်ဇာလန်နာမည်ကြီး တင်းနစ် သမား ဖက်ဒါရာတင်ရှိထားသည့် ထိပ်ဆုံး(၁၀)ဦးစာရင်း၌ ရက်သတ္တပတ်(၉၃၁)ပတ်ကြာ ရပ်တည်ခဲ့သည့်စံချိန်ကိုလိုက်မီရန် အချိန် (၂)နှစ်ခွဲကျော် လိုအပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
