စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) နံနက်ပိုင်းက မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားမှုနှင့် ပက်သက်၍ သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲများကို လူဦးရေ ၅၀၀၀ ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရပ်တည်ထောက်ခံပွဲ ပြုလုပ်ရခြင်းသည် Gambia နိုင်ငံမှ တရားစွဲဆိုထားမှုကို အတိုင်ပင်ခံကိုယ်တိုင် သွားရောက်ကာ ဖြေရှင်းနေသည့်အပေါ် ရပ်တည်ထောက်ခံသည့်အနေဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
"နိုင်ငံတကာက ကျွန်တော်တို့နိုင်ငံကို တရားစွဲဆိုထားတဲ့ ဟာပေါ့နော်။ လူမျိုးသုန်း သတ်ဖြတ်မှုဆိုတာ တကယ်လည်း ကျွန်တော်တို့နိုင်ငံက မကျူးလွန်ခဲ့ဘူး။ ဒီဟာနဲ့ ပက်သက်လို့ ကျွန်တော်တို့ရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နယ်သာလန်နိုင်ငံမှာ သွားရှင်းနေတယ်။ ကျွန်တော်တို့ရဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နယ်သာလန်နိုင်ငံမှာ သွားရှင်းနေသလို ကျွန်တော်တို့ ပြည်သူတွေကလည်း နောက်ကနေ စုစုစည်းစည်းနဲ့ ရှိနေတယ်ဆိုတာ ကမ္ဘာကိုပြတာပါ။ ဒီအချိန်ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန် စည်းလုံးရမယ့်အချိန် ဖြစ်ပါတယ်။ အဲဒီတော့ ဒ ီICJ ကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က လူမျိုးရေးတွေ ဘာသာရေးတွေ နိုင်ငံရေးတွေ ဘာမှအရောင်တွေ မခွဲခြားပါနဲ့။ ဒီအချိန်ဟာ အရောင်တွေ ခွဲခြားရမယ့်အချိန် မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့ လူမျိုးအသီးသီး ဘာသာအသီးသီး ပါတီအသီးသီး အဖွဲ့အစည်းအသီးသီး ဒါတွေအားလုံး စည်းလုံးဖို့ရာ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်"ဟု ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောကြားသည်။
ပုလဲမြို့၏ ရပ်တည်ထောက်ခံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် ဒေါ်ခင်နှင်းရီ၊ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်တို့လည်း တက်ရောက်ကာ ဝန်းရံခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ကျောင်းသူ/သားများ၊ သူနာပြုဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစွဲ့အစည်းအချို့၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ပြည်သူလူထုများ လူဦးရေ ၅၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အလားတူ မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားမှုနှင့် ပက်သက်၍ သွားရောက် ဖြေရှင်းနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရပ်တည်ထောက်ခံပွဲကို ပုလဲမြို့အပြင်၊ ကလေးဝမြို့၊ မင်းကင်းမြို့တို့တွင်လည်း ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
