မြန်မာနိုင်ငံအပေါ် ICJ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ သွားရောက် ဖြေရှင်းနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရပ်တည်ထောက်ခံပွဲ ကို မိုးကုတ်မြို့ မုံကွင်းတွင် ယနေ့ (ဒီဇင်ဘာ ၁၂ ရက်) က ပြုလုပ်ခဲ့သည်။
ထောက်ခံပွဲသို့ မိုးကုတ်မြို့တွင် နေထိုင်သော ပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ အစိုးရ ဌာနဆိုင်ရာအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပါဝင်ခဲ့ပြီး မုံကွင်းတွင် စုရပ်အဖြစ် ပြုလုပ်ကာ အခမ်းအနားကျင်းပခဲ့သည် ယင်းမှတစ်ဆင့် မိုးကုတ်မြို့အတွင်း စီတန်းလှည့်လည် ထောက်ခံမှုပြုလုပ်ခဲ့သည်။
"ပွဲကို မိုးကုတ်ထာပွဲ ကျောက်ကုန်သည်များအဖွဲ့ကနေ ဦးဆောင်ကျင်းပဖို့ လဆန်းပိုင်းလောက်ကတည်းက စီစဉ်ခဲ့တာပါ။ ဒီအတွက် NLD ပါတီကနေလည်း ပူးပေါင်းလုပ်မယ် ဆိုတဲ့အတွက် ဒီနေ့မှာ လုပ်ဖြစ်တာပါ။ ဒီပွဲမှာ လူမျိုးဘာသာ ဘာတစ်ခုမှခွဲခြားမှု မရှိဘဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်ဖြေရှင်းတဲ့အပေါ် သူ့ဘက်ကနေ ပြည်သူတွေအနေနဲ့ ရပ်တည်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်"ဟု မိုးကုတ်ထာပွဲကျောက်ကုန်သည်ပွဲစားများအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က ပြောသည်။
ထောက်ခံပွဲတွင် မိုးကုတ်မြို့တွင် နေထိုင်ကြသော လီဆူ၊ ကိုးကန့်၊ ရှမ်း၊ ဓနု၊ ဂေါ်ရခါး၊ ဟိန္ဒူစသည့် လူမျိုးများ ပါဝင်ထောက်ခံမှုပြုလုပ်ခဲ့ပြီး လူဦးရေ သောင်းချီ တက်ရောက်ထောက်ခံမှု ပြုလုပ်ခဲ့သည်။
"အခုထောက်ခံတာက အမေစု ကိုထောက်ခံတာပါ။ အခုလုပ်ဆောင်နေတဲ့ ICJ ကိုလည်း ကန့်ကွက်တာ မဟုတ်ပါဘူး သူတို့အဖွဲ့အစည်းတွေအနေနဲ့ သူတို့အလုပ် သူတို့လုပ်နေကြတာပါ။ အမေစုအနေနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် သွားပြီးတော့ ရှင်းလင်းတင်ပြနေတဲ့အပေါ် အမေစုကို ထောက်ခံတဲ့ပွဲပါ။ ပြည်သူတွေရဲ့ ညီညွတ်မှုကို ဒီပွဲမှာ ပြသတာပါ" မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
