မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့် (PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကုဆရာဝန်များနှင့် ဆရာဝန်များနှင့်ပတ်သက်သော ကန့်သတ်အထွေထွေဆေးကုသခွင့် လိုင်စင်နှင့် ကန့်သတ်အထူးဆေးကုသခွင့် လိုင်စင်ကြေးများကို သုံးလစာ စုပေါင်းပေးသွင်းခြင်းမျိုး မပြုလုပ်တော့ဘဲ တစ်လချင်းလိုအပ်ချက်နှင့်အညီ ပေးသွင်းနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆေးကောင်စီမှ သိရသည်။
“ လိုင်စင်ကြေးနှုန်းထား သတ်မှတ်ချက်တွေကို လျှော့ချကောက်ခံသွားမယ့်အပြင် အရင်ကလို တစ်ကြိမ်မှာ သုံးလစာစုပေါင်း သွင်းတာမျိုးမဟုတ်ဘဲ တစ်လချင်း လိုအပ်ချက်နှင့်အညီပေးသွင်းသွားနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ လိုင်စင်ကြေးလျှော့ချတာကို ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၁ရက်ကစပြီး စတင်ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအက်စ်ကျော်လှက ပြောကြားသည်။
လိုင်စင်ကြေးများ ဖြေလျှော့ပေးနိုင်ရေးကိစ္စများ ဆောင်ရွက်ရန် ဒီဇင်ဘာ ၁ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) များကို ဒီဇင်ဘာ ၃ ရက်မှစ၍ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီက ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီသည် သတ်မှတ်အရည်အချင်း နှင့်ပြည့်စုံသူ မြန်မာနိုင်ငံသား ဆရာဝန် များအတွက် အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) ထုတ်ပေးရန် လျှောက်လွှာခေါ်ယူထားပြီးဖြစ်ရာ လိုင်စင် ထုတ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆေးကောင်စီမှ သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံပြီး အထွေထွေဆေးကုသခွင့် လိုင်စင်ရရှိထားပြီးသူ မြန်မာနိုင်ငံသားဆရာဝန်များအနေဖြင့် အထူးဆေးကုသခွင့်လိုင်စင်အတွက် လျှောက်လွှာတင်စဉ်က လိုအပ် သောစာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြထားပါက အထူးဆေးကုသခွင့်လိုင်စင်များကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှစ၍ အစိုးရရုံး ပိတ်ရက်များမှအပ ရုံးချိန်အတွင်း မြန်မာနိုင်ငံ ဆေးကောင်စီထံ အထွေထွေ ဆေးကုသခွင့်လိုင်စင် မူရင်းကိုတင်ပြလျက် ဘာသာရပ်အမည်၏ ရှေ့ဆုံးအင်္ဂလိပ်စကားလုံး အက္ခရာစဉ်အတိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။
လျှောက်လွှာတင်စဉ် ဓာတ်ပုံများ ပူးတွဲပေးပို့ထားခြင်းမရှိသူ ဆရာဝန်များအနေဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ၂၈ ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံဆေးကောင်စီထံ ပေးပို့ရန်နှင့် လူကိုယ်တိုင်လာရောက် ထုတ်ယူခြင်းမပြုနိုင်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ သက်ဆိုင်ရာဆရာဝန်၏ အထွေထွေ ဆေးကုသခွင့် လိုင်စင်မူရင်းကို တင်ပြလျက် ကိုယ်စားလှယ်တစ်ဦးမှ ဆရာဝန်တစ်ဦးစီအတွက်သာ ကိုယ်စားထုတ်ယူနိုင်ကြောင်း သိရသည်။
အထူးဆေးကုသခွင့်လိုင်စင်အတွက် မြန်မာနိုင်ငံဆေးကောင်စီမှ ခွင့်ပြုပေးသော ဘာသာရပ်နယ်ပယ်မှအခြားသို့ပြောင်းရွှေ့ လျှောက်ထားလိုပါက ပြောင်းရွှေ့လိုသော ဘာသာရပ်နယ်ပယ်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို ပြည့်စုံစွာတင်ပြပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှစ၍ ပြန်လည်လျှောက်ထားနိုင်ကြောင်းနှင့် သတ်မှတ်ထားသောရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အထူးကုဆရာဝန်များအနေဖြင့် ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းမှသာ ရက်အကန့်အသတ်မရှိ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။
မြန်မာနိုင်ငံဆေးကောင်စီက မြန်မာနိုင်ငံသား ဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း ယခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်းက ထုတ်ပြန်ကြေညာခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသည့် အထွေထွေဆေးကုသခွင့် လိုင်စင်ရရှိထားပြီးသူ ဆရာဝန်များသည် မြန်မာနိုင်ငံဆေးကောင်စီထံ ၂၀၁၈ခုနှစ် ဇွန်လ ၁ ရက်မှစ၍ အထူးဆေးကုသခွင့်လိုင်စင် စတင်လျှောက်ထားခွင့်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
