ချီဖွေမြို့ အနောက်ဘက်ကမ်းရှိ မုတ်သုံတော ကမ်းခြေမှာ တရားမဝင် ရွှေတူးဖော်မှုများ ရပ်ဆိုင်းပေးရန် ချီဖွေဒေသခံများက ဒီဇင်ဘာ ၁၀ ရက်တွင် မြစ်ကြီးနားမြို့ရှိ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းရွှေတူးဖော်သည့် နေရာမှာ ချီဖွေမြို့သို့ လာရောက် လည်ပတ်သူများ အပန်းဖြေသည့် မုတ်သုံတော (ဒေသအခေါ်) ဂျန်ယော်မှာ အမြဲစိမ်းလမ်းနေသည့် ကျွန်းငယ်လေးသဖွယ် ဖြစ်နေသဖြင့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းကဲ့သို့ ဖြစ်နေသည့်နေရာ ဖြစ်သဖြင့် ဒေသခံများက စိတ်မကောင်း ဖြစ်နေကြောင်း လောင်ဗျစ်ခေါင်လူမှုအဖွဲ့က ဆိုသည်။
လောင်ဗျစ်ခေါင် လူမှုဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးလာချိဒ်လွမ်းဇောင်းက “မုတ်သုံတောကို ၂၀၁၄ ခုနှစ်လောက် လုပ်ပြီးပြီ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နားသွားပြီး အခုပြန်လုပ်နေတယ်။ ကေအိုင်အေ ထိန်းချုပ်တဲ့ နယ်မြေဆိုတော့ သူတို့ဦးစီးပြီးလုပ်တဲ့ သဘောပါ။ ကျွန်တော်တို့ကတော့ အစိုးရဘက်ကို ကန့်ကွက်ပေးဖို့ စာတင်သွားမှာပါ။ မူလအတိုင်း မရှိတော့ပေမယ့် ကျန်တဲ့နေရာကို ကျန်နေစေချင်သေးတယ်။ ဧကပေါင်း ဆယ်ချီပြီး တူးသွားပြီလေ။ စာပေယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေဆိုပြီး သတင်းတွေ ထွက်နေလို့ ကျွန်တော်တို့ လာချိဒ်စာပေ ယဉ်ကျေးမှု မပါဘူးဆိုပြီး စာနဲ့လည်း ထုတ်ပြန်ပါပြီ” ဟု ပြောကြားသည်။
လက်ရှိတွင် မုတ်သုံတောမှာ အားလုံးနီးပါး ရွှေတူးဖော်မှုများကြောင့် ပျောက်ကွယ်လုနီး ဖြစ်နေပြီး ယင်းဖြစ်စဉ်များကို အစိုးရနှင့် အခြားအဖွဲ့အစည်းများကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ စာပေးပို့ တိုင်ကြားတာတွေ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ထက်မှာ မထိန်းနိုင်ခဲ့တာ စိတ်မကောင်းဘူး။ ကျန်တာကတော့ ထိန်းသိမ်းထားစေချင်တယ်” လို့ ဦးလွန်းဇောင်းက ဆိုသည်။
လက်ရှိတွင် ချီဖွေဒေသသို့ ဆန်၊ လောင်စာဆီ ကန့်သတ်မှုများ ရှိနေသော်လည်း ရွှေဖောင်တွင် အသုံးပြုသည့် လောင်စာဆီများမှာ စစ်ဆေးရေးဂိတ် အသီးသီးကို ကျော်ဖြတ်လာသည့် ဆီများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့က မြစ်ချောင်းများအတွင်း ရွှေနှင့်သတ္တု တူးဖော်မှုများကို ဥပဒေကြောင်းအရ တရားဝင် တူးဖော်ခွင့် လုံးဝချထားပေးခြင်း မရှိဘဲ တရားဥပဒေ မစိုးမိုးနိုင်သည့် နေရာများတွင်သာ တရားမဝင် ခိုးတူးနေမှုများ ရှိနေခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိပြီး ပူးပေါင်းဆောင်ရွက်မှုများ ရှိမှာသာ ယင်းလုပ်ငန်းများကို ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်ကြောင်း၊ လက်လှမ်းမီသည့် နေရာများတွင် တရားမဝင် ရွှေတူးဖော်နေမှုများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
