ရွေးကောက်ပွဲကာလအတွင်း ပေါ်ပေါက် လာနိုင်သည့် အငြင်းပွားမှုများ၊ စိန်ခေါ်မှု များကို လျှော့ချရန် ပဋိပက္ခဖြေရှင်းခြင်းဆိုင် ရာ စေ့စပ်ညှိနှိုင်းမှုသင်တန်းဖွင့်ပွဲကို ဒီဇင် ဘာ ၁၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ ပဋိပက္ခဖြေရှင်းခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုသင်တန်း Conflict Resolution Training (Core Mediation) သင်တန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် Netherlands Institute for Multiparty Democracy and Political Parties of Finland for Democracy (NIMD/Demo Finland) အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲတစ်ခု တည်ငြိမ်အေးချမ်းစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပြည်သူလူထု မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ဗဟုသုတ၊ အသိအမြင်များရှိရန် လိုအပ်သကဲ့သို့ ဝန်ထမ်းများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပြည့်ဝပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်စွာ ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှုများ၊ စိန်ခေါ်မှုများကိုလျှော့ချရန်နှင့် အငြင်းပွားမှုပြဿနာများကို အချိန်တိုအတွင်း ပြေလည်စွာညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန်တို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉ - ၂၀၂၂) ရေးဆွဲရာ၌ ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှုများ၊ တိုင်ကြားမှုများနှင့် ကန့်ကွက်မှုများကို ဖြေရှင်းနိုင်ရန်အတွက်လည်း ထည့်သွင်းရေးဆွဲထားရှိကြောင်း၊ ယခုသင်တန်းတွင် ညှိနှိုင်းခြင်းဆိုင်ရာ နည်းစနစ်များ၊ ကြားဝင်စေ့စပ်ခြင်းဆိုင်ရာ နည်းလမ်းများနှင့် ဘက်မလိုက်သောအဖွဲ့အနေဖြင့် ဆောင်ရွက်ရန် နည်းဗျူဟာများကို ပို့ချပေးသွားမည် ဖြစ်သည့်အပြင် စေ့စပ်ညှိနှိုင်းခြင်း အတတ်ပညာဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံများလည်း ရရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) တို့နှင့်အညီ စေ့စပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပဋိပက္ခများကြားဝင် စေ့စပ်ညှိနှိုင်းခြင်းအတွက် အဓိကအခြေခံမှာ ယုံကြည်မှုတည်ဆောက်ပြီး အပြန်အလှန် နားလည်မှုရှိစွာ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းအခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား သင်တန်းသူများ၊ (NIMD/Demo Finland) အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းဆရာ ဆရာမများ တက်ရောက်ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
