မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု အသေးစား အထည်ချုပ်လုပ်ငန်း တွင်ကျယ်လာခြင်းကြောင့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာကြောင်း အဆိုပါ အထည်ချုပ်လုပ်ငန်း၌ ဝင်ရောက် လုပ်ကိုင်နေသူများထံမှ သိရသည်။
နယ်မှလာရောက် လုပ်ကိုင်သူများအား နေထိုင်ရန် အဆောင်ပေးထားကာ ဒါဇင်အလိုက် ကိုယ်လုပ်နိုင်လျှင် လုပ်နိုင်သလောက် လုပ်အားခ ရရှိသည့်အတွက် အလုပ်သမားများ အနေဖြင့် တစ်လလျှင် ဘတ် ၄၀၀၀ မှ ၁၅၀၀၀ အထိ လုပ်အားခရသူရှိသည် ဟုဆိုသည်။
“သမီးတို့က နယ်ကလာလုပ်တာပါ။ စက်ရုံက နေစရာ အဆောင်ပေးပါတယ်။ စားတာတော့ ကိုယ့်ဘာသာကိုယ် စားပါတယ်။ အရင်က ထိုင်းဘက်မှာ လုပ်ပါတယ်။ ထိုင်းဘက်မှာ နေထိုင်ရေးတွေ အခက်အခဲ ဖြစ်လာတယ်။ ပတ်စ်စပို့ဗီဇာရှိမှ ဆိုတော့ ကိုယ့်နိုင်ငံဘက်မှာ လုပ်တာက အဆင်ပြေတယ်။ ကိုယ့်နိုင်ငံမှာဆိုတော့ အဖမ်းခံရမှာ မစိုးရိမ်ရတော့ဘူး” ဟု မြဝတီမြို့ရှိ အထည်ချုပ်စက်ရုံ၌ ဝင်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးငယ် တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံ မဲဆောက်တွင် အိမ်ရုံဟုခေါ်သော တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု စက်ရုံအလုပ်ရုံ ထောင်နှင့်ချီရှိပြီး အထောက်အထားမဲ့ ဝင်ရောက် လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရသလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ခြင်းကြောင့် မြဝတီဘက်သို့ ပြောင်းရွှေ့ဖွင့်လှစ်လာသော စက်ရုံငယ်များကြောင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိကာ နေထိုင်စားသောက်ရေး အဆင်ပြေသည်ဟုလည်း သိရသည်။
မြဝတီမြို့တွင် အိမ်တွင်းမှု အထည်ချုပ် စက်ရုံငယ် ၅၀ အထက်ရှိပြီး စက်ရုံတစ်ရုံလျှင် လုပ်သား ၃၀ မှ ၅၀ ဝန်းကျင်အထိ ဝင်ရောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုံများမှာ တစ်ဘက်နိုင်ငံ မဲဆောက် အထည်ချုပ်စက်ရုံများမှ အော်ဒါယူ ချုပ်လုပ်ခြင်းဖြစ်ပြီး လုပ်ခလစာများကို ဘတ်ငွေဖြင့် ရှင်းပေးကြောင်း၊ မြဝတီဒေသခံ အမျိုးသမီးငယ်များနှင့် နယ်ရပ်ဝေးမှ လာရောက် လုပ်ကိုင်ကြသူများလည်း ရှိကြောင်း အဆိုပါ အထည်ချုပ်စက်ရုံများမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
