မြန်မာ့ပင်လယ်ပြင်တွင် ကမ်းဝေးငါးဖမ်းရေယာဉ် သွားလာမှုလမ်းကြောင်း၊ ငါးဖမ်းဧရိယာနှင့် ငါးဖမ်းဆီးမှုနှုန်းကို သိရှိနိုင်သည့် ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့်ကိရိယာ (Vessel Monitoring System) တပ်ဆင်ရန် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမည့် ရေယာဉ် ၁၃၇ စီးကျန်ရှိနေပြီး သတ်မှတ်ရက် ကျော်လွန်ပါက ပင်လယ်ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။
အပြီးတပ်ဆင်ရန် သတ်မှတ်ရက်ကို ဒီဇင်ဘာ ၃၁ ရက်ထိ သတ်မှတ်ထားသော်လည်း စာချုပ်လုံးဝ ချုပ်ဆိုထားမှု မရှိသည့် ရေယာဉ်များကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား သတ်မှတ်ထားသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“နောက်ဆုံးရက် တိုးပေးလိုက်တယ်။ ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံး တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ အဲဒီအချိန်မှ မတပ်ဆင်ရင်တော့ သင်္ဘောတွေက ပင်လယ်ထွက်ခွင့်မရှိဘဲ ဖြစ်သွားပါလိမ့်မယ်” ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။
ငါးဖမ်းရေယာဉ် စောင့်ကြည့်ကိရိယာ တပ်ဆင်သည့် ကုမ္ပဏီအချို့သည် ရေယာဉ်များနှင့် စာချုပ်ချုပ်ဆို ထားသော်လည်း စက်ပစ္စည်းများ ရောက်ရှိလာခြင်း မရှိပါက ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား စက်ပစ္စည်း ရောက်ရှိသည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ရန် ညွှန်ကြားထားသည်ဟု သိရသည်။
ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့် ကိရိယာတပ်ဆင်ရန် တင်ဒါအောင်ထားသည့် ကုမ္ပဏီ ခြောက်ခုရှိပြီး စက်တန်ဖိုးများသည် ဒေါ်လာ ၈၅၀ မှ ၂၀၀၀ အတွင်းရှိကာ ကြည့်ရှုခနှုန်းများသည် ဒေါ်လာ ၅၀ မှ ၁၅၀ အထိ ရှိသည်ဟု သိရသည်။
ဒီဇင်ဘာ ၁ ရက်ထိ ငါးဖမ်းရေယာဉ်များကို စောင့်ကြည့်သည့် ကိရိယာတပ်ဆင်ရန် စာချုပ်ချုပ်ဆိုထားသည့် ရေယာဉ် ၃၂၃၈ စီးရှိကာ ကိရိယာ တပ်ဆင်ထားသည့် ရေယာဉ် ၂၅၇၉ စီးနှင့် တပ်ဆင်ရန် ကျန်ရှိနေသည့် ရေယာဉ် ၆၀၉ စီးရှိကြောင်း၊ ရေယာဉ်တပ်ဆင်ရန် ကုမ္ပဏီနှင့် လုံးဝစာချုပ် မချုပ်ရသေးသည့် ရေယာဉ် ၁၃၇ စီးရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ကမ်းဝေးငါးဖမ်းရေယာဉ် အစင်းရေပေါင်း ၃၀၀၀ ကျော်ရှိပြီး အဆိုပါ စနစ်သည် ရေယာဉ်များ ငါးဖမ်းဆီးသည့် နေရာများကို ငါးလုပ်ငန်း ဦးစီးဌာနက ထောက်ခံချက်ပေးနိုင်ပြီး ငါးဖမ်းရေယာဉ်များ၏ ငါးဖမ်းဆီးနှုန်းကိုလည်း ထိန်းချုပ်နိုင်သည်ဟု သိရသည်။
အဆိုပါ ကမ်းဝေးငါးဖမ်းရေယာဉ် စောင့်ကြည်ကိရိယာ၏ စောင့်ကြည်ဌာနချုပ်ကို နေပြည်တော်နှင့် ရန်ကုန်တွင် ထားရှိသွားမည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကမ်းဝေးငါးဖမ်း ရေယာဉ်များကို စောင့်ကြည့်သည့် ကိရိယာ (Vessel Monitoring System) အား၂၀၁၉ ခုနှစ် စက်တင်ဘာတွင် အပြီးတပ်ဆင်မည် ဖြစ်ကြောင်း အစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ တတိယနှစ် တစ်နှစ်တာ ဆောင်ရွက်ချက်များတွင် ဖော်ပြထားသော်လည်း စက်တင်ဘာလအတွင်း တပ်ဆင်နိုင်ခြင်း မရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
