၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆု ချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ယနေ့ (အောက်တိုဘာ ၂၈ ရက်) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးလောက၏ ဂုဏ်သိက္ခာကြီးမားသည့် Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်နေခြင်းဖြစ်ပြီး ယခုနှစ်တွင် ၆၈ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်သည်။ ယခုနှစ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်ဘောလုံး မဂ္ဂဇင်းနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပမည်ဖြစ်ပြီး အမျိုးသားအသင်းနည်းပြ ဆုနှင့် အမျိုးသမီးအသင်းနည်းပြဆုကိုလည်း ထပ်တိုးချီးမြှင့်ရန် စီစဉ်ထားသည်။
သို့ဖြစ်ရာ ယခုနှစ်တွင် အမျိုးသားကစားသမားဆု (Ballon d'Or) ၊ အမျိုးသမီးကစားသမားဆု (Ballon d'Or Ferminin) ၊ လူငယ်ကစားသမားဆု (Kopa Trophy) ၊ ဂိုးသမားဆု (Yashin Trophy) ၊ တိုက်စစ်မှူးဆု (Gerd Muller Trophy)၊ လူသားချင်းစာနာမှုဆိုင်ရာထူးချွန်ဆု (Socrates Award) ၊ အမျိုးသားကလပ် အသင်းဆု၊ အမျိုးသမီးကလပ်အသင်းဆု၊ အမျိုးသားအသင်းနည်းပြဆု၊ အမျိုးသမီး အသင်းနည်းပြဆုစသည့် ဆုအမျိုးအစား စုစုပေါင်း ၁၀ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
ဆုများကို ၂၀၂၃-၂၀၂၄ ရာသီ စွမ်းဆောင်ရည်အပေါ်မူတည်၍ ချီးမြှင့်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်အထိကာလအတွင်း သတ်မှတ်ထားသည်။ Ballon d'Or ဆုကို ပြက္ခဒိန်တစ်နှစ်အတွင်း စွမ်းဆောင်ရည်မဟုတ်ဘဲ ဘောလုံးရာသီတစ်ခုအတွက် စွမ်းဆောင်ရည် အပေါ်မူတည်၍ ချီးမြှင့်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
အမျိုးသား ကစားသမားဆုနှင့် အမျိုးသမီးကစားသမားဆုအတွက် ဆန်ခါတင် ၃၀ စာရင်း၊ လူငယ်ကစားသမားဆုနှင့် ဂိုးသမားဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်း၊ နည်းပြဆုအတွက် ဆန်ခါတင်ခြောက်ဦးစာရင်း၊ ကလပ်အသင်းဆုအတွက် ဆန်ခါတင်ငါးသင်းစာရင်း ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
