မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာ က မိမိအသင်းအနေဖြင့် ဆာအဲလက်စ်ဖာဂူဆန်မရှိတော့သည့် မန်ယူအသင်းကဲ့သို့ ပြိုလဲသွားမည်မဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဖာဂူဆန်အနားယူသွားသည့် ၂၀၁၃ ခုနှစ်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သည်။ ဂွါဒီယိုလာမှာလည်း မန်စီးတီးအသင်းနှင့် စာချုပ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီး အနာဂတ်ကို နိုဝင်ဘာ နိုင်ငံတကာရက်သတ္တပတ် သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် ဆုံးဖြတ်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
"ယူနိုက်တက်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိပါဘူး။ တစ်စုံတစ်ဦးထွက်ခွာသွားချိန်မှာ အရာအားလုံးပြုတ်ကျသွားတယ်ဆိုရင် အဲဒါက အသင်းအတွက် ဆိုးရွားတဲ့လက္ခဏာတစ်ခု ဖြစ်စေမှာပါ။ သူတို့ (မန်စီးတီးအသင်း တာဝန်ရှိသူတွေ) အမှားလုပ် ကောင်းလုပ်မိကြလိမ့်မယ်။ ဒါပေမဲ့ အမှားတွေလုပ်နေစဉ်မှာပဲ သူတို့ဖြေရှင်းနိုင်လိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ အမှားတွေကို ချက်ချင်းဖြေရှင်းနိုင်မယ်ဆိုတာ သေချာပါတယ်။ သူတို့တွေက ဘာလုပ်ရမလဲဆိုတာကို အတိအကျသိပါတယ်" ဟု ဂွါဒီယိုလာက ဆိုသည်။
ဂွါဒီယိုလာကို မန်စီးတီးအသင်းသို့ခေါ်ယူခဲ့သည့် ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်းမှာလည်း ယခုရာသီကုန်တွင် အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
