ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း ထရာမီကြောင့် သေဆုံးသူ ၁၀၀ အထိ မြင့်တက်လာချိန်တွင် အောက်တိုဘာ ၂၇ ရက်က ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူ ဒါဇင်ချီကို ရှာဖွေနိုင်ရန် ဆက်လက်ကြိုးပမ်း နေကြသည်။
အောက်တိုဘာ ၂၄ ရက်က ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ထရာမီမုန်တိုင်းသည် ယခုနှစ် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်သည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေသော မုန်တိုင်းများတွင် အပါအဝင် ဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ် အေဂျင်စီ၏ ထုတ်ပြန်ချက်အရ လူပေါင်းငါးသိန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး ပျောက်ဆုံးနေသူ ၃၆ ဦးထက်မနည်းရှိသည် ဟုဆိုသည်။
ရေဘေးအဆိုးဆုံး ကြုံတွေ့ခဲ့သည့် ဘီကိုလ်ဒေသတွင် သေဆုံးသူ ၃၈ ဦးရှိပြီး အများစုမှာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
“ကျွန်တော်တို့ အခုချိန်ထိ အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိနေပါသေးတယ်။ အတတ်နိုင်ဆုံး လူ့အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ နောက်ထပ် သေဆုံးသူတွေ ရှိမလာဖို့ မျှော်လင့်ပါ တယ်”ဟု ဘီကိုလ်ဒေသခံ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး အန်ဒရီဒီဇွန်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
ကာမာရင်းစ်ဆာပြည်နယ်တွင် ဒေသခံ အများစုသည် ၎င်းတို့၏ နေအိမ်ခေါင်မိုးနှင့် အထပ်မြင့်နေရာများတွင် ပိတ်မိလျက်ရှိကြောင်း ဒီဇွန်က ထပ်မံပြောကြားခဲ့သည်။
မနီလာမြို့တော်တောင်ပိုင်း ဘာတန်ဂတ်စ်တွင် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာကြောင်း ပြည်နယ်ရဲအရာရှိချုပ် ဂျာဆင် တိုမာလီနာအိုက ဆိုသည်။
ကာဗိုက်ပြည်နယ်တွင် ဓာတ်လိုက်ခြင်းနှင့် ရေနစ်ခြင်း သီးခြားဖြစ်စဉ် နှစ်ခုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။
အခြားပြည်နယ်များတွင် နောက်ထပ် အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့သည့်အတွက် သေဆုံးသူစုစုပေါင်း ၁၀၀ အထိရှိ လာခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်သဘာဝဘေးအန္တရာယ် အေဂျင်စီသတင်း အရင်းအမြစ်များ၏ ထုတ်ပြန်ချက်ကို အခြေခံ၍ အေအက်ဖ်ပီ သတင်းက ဖော်ပြခဲ့သည်။
“အရင်က သီးခြားဖြစ်နေသော နေရာတွေကို အခုချိန်မှာ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိနိုင်ပြီ ဖြစ်တဲ့အတွက် သေဆုံးသူအရေအတွက်က လာမယ့်ရက်ပိုင်းအတွင်း မြင့်တက်လာနိုင်ပါတယ်”ဟု အရပ်ဘက်ကာကွယ်ရေးရုံးမှ အက်ဂါပိုဆာဒက်စ်က ဆိုသည်။
သဘာဝဘေးအန္တရာယ်အေဂျင်စီ၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် လူပေါင်း ၅၆၀,၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး ရွာပေါင်းရာချီ ရေနစ်မြုပ်ခဲ့သည်ဟု ဆိုသည်။
ကျောက်ဖြစ် ရုပ်ကြွင်းများကို မီးရှို့မှုကြောင့် ပြောင်းလဲလာသော ရာသီဥတု အခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။ ပိုမိုပူနွေးသော သမုဒ္ဒရာ မျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီး ယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အား ပြင်းထန်လာစေသည်။
ပူနွေးသည့် လေထုသည် မုန်တိုင်းများအား ရေများကို ပိုမိုထိန်းသိမ်း ခွင့်ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
