စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ည ၆ နာရီခွဲခန့်နှင့် ၈ နာရီခွဲခန့်တို့က ဆပ်ပြာခွက်များအတွင်းထည့်ထားသည့် ငွေကျပ်သိန်း(၄၃၀၀)တန်ဖိုးရှိ ဘိန်းဖြူ(၈ ဒ သမ ၆)ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉) လမ်းတွင် ရိုဒိန်းလျန်နာ မောင်းကာ မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင်လိုက်လာသည့် TOYOTA MARK II ကားကိုတားဆီး၍ ရှာဖွေစစ်ဆေးခဲ့ကြသည်။
ထိုသို့ ရှာဖွေရာ ကားပေါ်တွင်တင်လာသည့် ဆပ်ပြာခွက်(၂၀၀)ခွက်အတွင်းထည့်ထားသော ဘိန်း ဖြူ(၂)ကီလိုကိုဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ရာ ဘိန်းဖြူများကိုရောင်းချခိုင်းသူ မျိုးကိုဦးနှင့်မဆန်ချင်းတိလ်တို့အား ည ၈ နာရီခွဲတွင်ဆပ်ပြာခွက်(၆၆၀)ခွက်အတွင်းထည့်ထားသည့် ဘိန်းဖြူ(၆ ဒသမ ၆)ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ယင်း ဘိန်းဖြူများကို မန္တလေးမြို့နေ ဖိုးကျော်(ခ)ကျော်ကျော်(ခ)မော်သင်းနှင့် မခင်မိုးနွယ်(ခ)မိုးနွယ်တို့၏ အစီအမံဖြင့် မိတ္တူကူးစက်အဟောင်းများအတွင်းသိုဝှက်၍ ကလေးမြို့သို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ၎င်းတို့ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့်အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
