တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းသည် ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ်(၈)ခုရရှိခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား(၁၀)တက်လှော်တွင် ပထမဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်တွင် ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။
ထို့ပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်းမှ စတုတ္ထဆုဆွတ်ခူးခဲ့သဖြင့် ယခင်နေ့ ပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများဆွတ်ခူးနိုင်ခဲ့သဖြင့် ဆုတံဆိပ်ပေါင်း(၈)ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အသင်းသည် ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား(၈)မျိုးကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအား အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှအသင်းပေါင်း(၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
