မနီလာ၊အောက်တိုဘာ ၂၆
ဖိလစ်ပိုင်နိုင်ငံသို့ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း ထရီမီကြောင့် ေ-သဆုံးသူဦးရေသည် ၉၀ ဦးအထိမြင့်တက်လာပြီး ၃၆ ဦးထက်မနည်းသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံတော်သဘာဝဘေး အန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) ကပြောကြားခဲ့သည်။
တိုက်ဖွန်းထရီမီသည် အရှေ့တောင်အာရှနိုင်ငံတစ်ဝန်းရှိ ဒေသပေါင်း ၁၆ ခုမှ လူပေါင်း ၅ ဒသမ ၇ သန်းကျော်ကို ထိခိုက်ခဲ့ကြောင်း NDRRMC ကပြောကြားခဲ့သည်။
ယခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့သည့် ၁၁ ခုမြောက်တိုက်ဖွန်းသည် ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အထူးသဖြင့် Bicol နှင့် Calabarzon ဒေသများနှင့်လူဇုန်တို့တွင် ရေကြီး မြေပြို ခဲ့သည်။
အာဏာပိုင်များသည် မြေပြိုမှုနှင့်ရေကြီးမှုကြောင့် ပျောက်ဆုံးသွားသူ ၃၆ ဦးကို ရှာဖွေနေဆဲဖြစ်ကာဆိပ်ကမ်းများတွင် လူပေါင်း ၈,၀၀၀ ကျော်သောင်တင်နေခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။
ထရီမီကြောင့် အခြေခံအဆောက်အဦပျက်စီးဆုံးရှုံးမှု တန်ဖိုးခန့်မှန်းခြေမှာ ပီဆို ၈၂၅ သန်း (အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၄ သန်း) ဖြစ်ပြီး စိုက်ပျိုးရေး၌ ပျက်စီးမှုသည် ပီဆို ၁ ဒသမ ၄၃၂ ဘီလျံ(ဒေါ်လာ ၂၄ ဒသမ ၅ သန်း) ဖြစ်သည်ဟု သိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
