မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလေအေးပေးစက်ပါ (DEMU) ရထားတွဲဆိုင်းများ အသုံးပြုပြေးဆွဲပေးနေသည့် ရန်ကုန် – ပဲခူး ခရီးစဉ်ကို လိုက်ပါစီးနင်းသည့် ခရီးသည်များ အတက်အဆင်း အန္တရာယ်မရှိစေဘဲ အဆင်ပြေစေရန် ဘူတာများ၌ လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေး ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာ စီးနင်းနိုင်မှုကြောင့် ရထားစီး ခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ DEMU ရထားတွဲဆိုင်းများ ပြေးဆွဲသည့် လမ်းခရီးတလျှောက်ရှိ ဘူတာ(၁၂)ခု၌ လက်တန်းပါ သံလှေကားများ ပြုလုပ်တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ထွက်ခွာချိန်များ၌ အဆင်ပြေလွယ်ကူစွာ လိုက်ပါစီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်း သိရသည်။
အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် (DEMU) ရထားသည် ပဲခူးဘူတာမှ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် (၈) နာရီ၊ မိနစ် (၂၀) တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး (DEMU) ရထားသည် ရန်ကုန်ဘူတာမှ ညနေ (၄) နာရီ (၄၅) မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည (၇) နာရီ (၅) မိနစ်တွင် ရောက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွား အလုပ်ပြန် အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ဘူတာ (၁၂)ခု၌ ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းသူများ များပြားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
