မန်စီးတီးအသင်းက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် အေဂျက်စ်လူငယ်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းက ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး အတိအကျမပြောနိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီဒီယွန်းအား ခေါ်ယူရန် မန်စီးတီးအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးများဖြစ်သည့် ဘာစီလိုနာနှင့် PSG အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ဖရန်ကီဒီယွန်းက မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ နည်းစနစ်နှင့် ကစားပုံများကို သဘောကျသည်ဟု ဝန်ခံထားပြီး အနာဂတ်နှင့် ပတ်သက်ပြီး ဘာမှသေချာမပြောနိုင်သေးဘဲ ယခုရာသီကို အကောင်းဆုံးဖြတ်သန်းနိုင်ရန် အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။
ဖရန်ကီဒီယွန်းက "အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာက ပြောရခက်ပါတယ်။ ကျွန်တော်ကတော့ အေဂျက်စ်အသင်းနဲ့ ဒီရာသီကို အကောင်းဆုံးဖြတ်သန်းချင်ပါတယ်။ ဒီရာသီကုန်တော့မှပဲ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရမှာပါ။ ကျွန်တော် အေဂျက်စ်အသင်းမှာ ဆက်ရှိနိုင်သလို၊ အသင်းပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာကိုမှ ကျွန်တော် သေချာမပြောနိုင်သေးပါဘူး"ဟု ပြောကြားခဲ့သည်။
ဖရန်ကီဒီယွန်းသည် ယခုရာသီ အေဂျက်စ်အသင်းတွင် ခြေစွမ်းပြကစားနေပြီး နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း ယခုနှစ်တွင် (၄)ပွဲအထိ ပါဝင်ကစားခွင့်ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
