ရီးယဲလ်မက်ဒရစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား(၂၃)ဦးစာရင်းကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် ကက်စမဲရိုးနှင့် နာချိုတို့ ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်နည်းပြ ဆိုလာရီသည် ကစားသမားအစုံအလင် ခေါ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမှာ ဒီဇင်ဘာ(၁၂)ရက်တွင် စတင်မည်ဖြစ်သည်။
(၁၅)ကြိမ်မြောက်အဖြစ် ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူအေအီးနိုင်ငံတွင် ဒီဇင်ဘာ(၁၂)မှ (၂၂)ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆီမီးဖိုင်နယ်အဆင့်မှသာ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ ရီးယဲလ်မက်ဒရစ်အသင်းသည် ဂျပန်ကလပ် ကာရှီးမားအန်တလာစ်နှင့် မက္ကဆီကိုကလပ် ဂွါဒါလာဂျာရာတို့ထဲမှ အနိုင်ရသည့်အသင်းနှင့် ဒီဇင်ဘာ(၁၉)ရက်တွင် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ဆုံး(၂)ကြိမ်ဆက် ချန်ပီယံဆုရရှိထားသလို၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုအများဆုံးရရှိထားသည့်အသင်းအဖြစ် ဘာစီလိုနာအသင်းနှင့်အပြိုင် ရပ်တည်လျက်ရှိသည်။
ရီးယဲလ်အသင်း၏ကစားသမား(၂၃)ဦးစာရင်း
ဂိုး - ကော်တိုအာ၊ နာဗတ်စ်၊ ကာဆီလာ
နောက်တန်း - ကာဗာဟယ်လ်၊ အော်ဒရီယိုဇိုလာ၊ ရာမို့စ်၊ ဗာရန်း၊ နာချို၊ မာဆယ်လို၊ ရီဂူလွန်
အလယ်တန်း - ကက်စမဲရိုး၊ လော်ရန်တေး၊ တိုနီကရို့စ်၊ မိုဒရစ်၊ အစ္စကို၊ အဆန်စီယို၊ စီဘယ်ယို့စ်၊ ဗယ်လ်ဗာဒီ
ရှေ့တန်း - ဘန်ဇီမာ၊ ဘေးလ်၊ ဒီယာ့ဇ်၊ ဗက်ဇ်ကေး၊ ဗင်နီစီယပ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
