ဗီယက်နမ် ၂-၁ ဖိလစ်ပိုင်
၂၀၁၈ အာဆီယံဆူဇူကီးပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာတော့ အိမ်ရှင်ဗီယက်နမ်အသင်းဟာ ပထမအကျော့ကရလဒ်အတိုင်း ဖိလစ်ပိုင်ကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်း (၄-၂)ရလဒ်နဲ့ ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ပါတယ်။
ဗီယက်နမ်အသင်းဟာ ပထမအကျော့အဝေးကွင်းမှာ အနိုင်ရထားပေမယ့် ဒီပွဲမှာလည်း အဓိကကစားသမားတွေကို အသုံးပြုပြီး ဖိလစ်ပိုင်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ၀ါရင့်နည်းပြ အဲရစ်ဆင်ကိုင်တွယ်နေတဲ့ ဖိလစ်ပိုင်ကတော့ ဒီပွဲမှာ ရလဒ်ကောင်းဖို့ မျှော်လင့်ပြီး အားကုန်ထုတ်ကစားခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း ဗီယက်နမ်အသင်းအနေနဲ့ ကစားကွက်ပိုင်းအသာစီးပေမေယ့် ဂိုးရဖို့ခက်ခဲနေခဲ့တယ်။ ဗီယက်နမ်အတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် (၈၃)မိနစ်နဲ့ (၈၇)မိနစ်တွေမှာ ကွင်းလယ်လူ ငုရင်ကောင်ဟိုင် နဲ့ တိုက်စစ်ကစားသမား ငုရင်ဟောင်ကောင်တို့က သွင်းယူပေးခဲ့တာပါ။ ဖိလစ်ပိုင်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် (၈၉)မိနစ်မှာ ယန်ဟတ်ဘန့်က သွင်းယူပေးခဲ့ပါတယ်။
ဗီယက်နမ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ချန်ပီယံအိပ်မက်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ မလေးရှားအသင်းနဲ့ ရင်ဆိုင်ကစားရပါတော့မယ်။
ဒီဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာ (၁၁)ရက်မှာ ပထမအကျော့ကို မလေးရှားမှာကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဒီဇင်ဘာ (၁၅)ရက်မှာ ကစားသွားမှာဖြစ်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
