ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်က အသင်းတွင်ကစားသမားဘဝကုန်ဆုံးသည်အထိ ကစားသွားလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ မိုဒရစ်သည် ရီးယဲလ်အသင်းကို ၂၀၁၂ ခုနှစ်က စပါးအသင်းမှ ပေါင်သန်း (၃၀) ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်သည်။
ဒီဇင်ဘာ (၃) ရက်နေ့က Ballon d'Or ဆုကို ရရှိခဲ့သည့် မိုဒရစ်က '' ရီးယဲလ်အသင်းနဲ့ ကျွန်တော်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂) နှစ်သက်တမ်းကျန်ပါသေးတယ်။ ပြီးတော့ အဲဒီစာချုပ်ကို တစ်နှစ်ထပ်တိုးခွင့်လည်းရှိပါတယ်။ ဒီအသင်းမှာ ကျွန်တော်ဟာ ပျော်ရွှင်နေပြီး အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကလည်း ကျွန်တော့်ကို တန်ဖိုးထားကြပါတယ်။ ကျွန်တော့်မိသားစုကလည်း မက်ဒရစ်မြို့မှာ ပျော်ရွှင်နေပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအသင်းမှာပဲ ဆက်ကစားပြီးအောင်မြင်မှုတွေရရှိဖို့ ကြိုးစားသွားမှာပါ'' ဟုဆိုခဲ့သည်။
မိုဒရစ်သည် ရီးယဲလ်အသင်းမှထွက်ခွာကာ စီးရီးအေကလပ် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော် မိုဒရစ်၏ ယခုပြောစကားကြောင့် အဆိုပါသတင်းများကို ငြင်းပယ်ပြီးသားဖြစ်သွားခဲ့သည်။ ထို့ပြင် မိုဒရစ်က Ballon d'Or ဆုရရှိခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်းနှင့် ဂရီးဇ်မန်းနှင့် ဘာပေတို့က ၄င်းကို ဂုဏ်ပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
