အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ကွင်းလယ်လူ အိုဇေးလ်အား ပုံမှန်ပွဲထွက်ခွင့်ပြန်လည်ရရှိရန်အတွက် စိတ်သဘောထားပြောင်းလဲပြီး တိုက်ပွဲဝင်ရန်တိုက်တွန်းခဲ့ကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။
အသက် (၃၀) နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ အိုဇေးလ်သည် အာဆင်နယ်အသင်း၏ နောက်ဆုံးပွဲစဉ် (၂) ပွဲဆက်လွဲချော်ခဲ့ပြီး ယင်းအချက်မှာ ဒဏ်ရာပြဿနာကြောင့်ဖြစ်သည်ဟု ဖော်ပြနေကြသော်လည်း အာဆင်နယ်အသင်း၏ အတွင်းပိုင်းသတင်းများအရ အိုဇေးလ်မှာ ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် အိုဇေးလ်သည် ယခုရာသီအာဆင်နယ်အသင်း၏ အဝေးကွင်းပွဲစဉ်များတွင် ပွဲကစားခွင့်များ ဆက်တိုက်ဆုံးရှုံးနေရာ ၄င်းအနေဖြင့် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ပြီးခဲ့သည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အာဆင်နယ်အသင်း၏ လူစာရင်း၌ပင်ပါဝင်ခဲ့ခြင်းမရှိသည့် အိုဇေးလ်သည် ဒီဇင်ဘာ (၅)ရက်နေ့ကစားမည့် မန်ယူနှင့်ပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေကြောင်းသိရသည်။
အာဆင်နယ်အသင်း၏ အတွင်းပိုင်းသတင်းများအရ အမ်မရီသည် ယခုရာသီတွင် အိုဇေးလ်၏ ကွင်းအတွင်းအားထုတ်မှုများကို အားမရဖြစ်နေပြီး စိတ်သဘောထားပြောင်းလဲကာ ပုံမှန်ပွဲထွက်ခွင့်ပြန်ရရန်အတွက် ကြိုးစားကစားရန်တိုက်တွန်းထားကြောင်း သိရသည်။
အာဆင်နယ်အသင်းတွင် လစာငွေအများဆုံးရရှိနေသည့် အိုဇေးလ်သည် ယခုရာသီအသင်းအတွက် ပြိုင်ပွဲစုံ (၁၂) ပွဲသာကစားထားရပြီး (၄) ဂိုးသွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
