ဘိုင်ယန်မြူးနစ်အသင်း၏ ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်က ပွဲထွက်ခွင့်နည်းပါးမှုကြောင့် အသင်းမှထွက်ခွာရန်စဉ်းစားနေသည်ဟု ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ (၂)ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းက ၄င်းကို ပေါင် (၃၁) သန်းဖြင့်ဝယ်ယူခွင့်ရှိနေသည်။
သို့သော် ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်နည်းပါးနေပြီး ယခုရာသီလာလီဂါပွဲစဉ် (၁၃) အပြီးတွင် (၆) ပွဲသာကစားခွင့်ရထားသည်။ ယင်းအချက်ကို ဟာမီးစ်ရိုဒရီဂွက်ဇ်က မကျေမနပ်ဖြစ်နေပြီး အသင်းမှထွက်ခွာရန်စီစဉ်နေခြင်းဖြစ်သည်ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်က '' ဒီရာသီနဲ့ ပြီးခဲ့တဲ့ရာသီရဲ့ ခြားနားမှုကတော့ ဒီရာသီမှာ ကျွန်တော်ပွဲထွက်ကစားခွင့်နည်းပါးသွားတာပါပဲ။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပရိသတ်တွေကို ကျွန်တော်ချစ်ပါတယ်။ ဒါကြောင့် အသင်းမှာကျွန်တော်ဆက်နေချင်ပေမယ့် ပွွဲထွက်ကစားခွင့်ရဖို့ ကျွန်တော်အသင်းပြောင်းဖို့စဉ်းစားရမှာပါ'' ဟုပြောကြားခဲ့သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်သည် လက်ရှိတွင် ဒူးဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ၂၀၁၉ ခုနှစ်အစောပိုင်းတွင်မှ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံတွင် (၃၉) ပွဲအထိကစားခွင့်ရရှိခဲ့ပြီး (၈) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၄) ကြိမ်အထိပြုလုပ်နိုင်ခဲ့သည်။
သို့သော်ယခုရာသီတွင် ဟာမီးစ်ရိုဒရီဂွက်ဇ်အနေဖြင့် နည်းပြကိုဗက်လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးလျက်ရှိပြီး ပြိုင်ပွဲစုံ (၁၁) ပွဲတွင် (၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂) ကြိမ်သာပြုလုပ်ထားနိုင်သည်။ ဟာမီးစ်ရိုဒရီဂွက်ဇ်အားခေါ်ယူရန် ချယ်လ်ဆီးနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
