ချယ်လ်ဆီးအသင်း၏ စပိန်နောက်ခံလူ အက်စ်ပီလီကွယ်တာက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်းပြောကြားခဲ့သည်။
အသက် (၂၉) နှစ်အရွယ်ရှိ အက်စ်ပီလီကွယ်တာသည် စာချုပ်သစ်အရ ချယ်လ်ဆီးအသင်းတွင် ၂၀၂၂ ခုနှစ်အထိ ရှိနေမည်ဖြစ်ပြီး တစ်ပတ်လစာပေါင် (၁၅၀၀၀၀) ရရှိမည်ဖြစ်သည်။
အက်စ်ပီလီကွယ်တာက '' ချယ်လ်ဆီးအသင်းမှာ နှစ်ရှည်နေခွင့်ရတော့မှာဖြစ်လို့ ကျွန်တော်အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော် ဒီအသင်းကို ပြောင်းလာကတည်းက ပျော်ရွှင်မှုရရှိခဲ့ပါတယ်။ ဒီအသင်းနဲ့ ပရိသတ်တွေအတွက် ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ။ ချယ်လ်ဆီးအသင်းကို အရင်ကလို အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် တတ်စွမ်းသမျှ ကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။
အက်စ်ပီလီကွယ်တာသည် ချယ်လ်ဆီးအသင်းကို ၂၀၀၂ ခုနှစ်က ပြင်သစ်ကလပ် မာဆေးလ်အသင်းမှ ပေါင် (၇) သန်းဝန်းကျင်ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၄င်းသည် ချယ်လ်ဆီးအတွက် (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၉၈) ပွဲတွင် (၈) ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။
အက်စ်ပီလီကွယ်တာသည် စပိန်လက်ရွေးစင်အသင်းအတွက်လည်း (၂၅) ပွဲအထိကစားထားပြီး ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၂) ကြိမ်၊ ယူရိုပါလိဂ်ချန်ပီယံဆု (၁) ကြိမ်အပါအဝင် ဆုဖလား (၅) လုံးအထိရယူထားနိုင်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
