တောင်အာဖရိကတွင် မွေးဖွားခဲ့သည့် လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မာ့စ်သည် စွန့်ဦးတီထွင် ကုမ္ပဏီတစ်ခု စတင်ထူထောင်သည့် ၁၉၉၀ ပြည့်နှစ် ကာလများက အမေရိကန်တွင် တရားမဝင် ယာယီအလုပ် လုပ်ခဲ့ဖူးကြောင်း ၀ါရှင်တန်ပို့စ် သတင်းစာက အောက်တိုဘာ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။
မာ့စ်သည် စတန်းဖို့တက္ကသိုလ်ကို တက်ရောက်ရန် ၁၉၉၅ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်လ်တိုမြို့သို့ ရောက်ရှိခဲ့သော်လည်း ထိုတက္ကသိုလ်တွင် တက်ခဲ့ခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။
ထိုနောက်သူသည် Zip2 အမည်ရှိ ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ကာ ထိုကုမ္ပဏီကို ၁၉၉၉ ခုနှစ်တွင် ဒေါ်လာသန်း ၃၀၀ နှင့် ရောင်းချခဲ့သည်ဟု ဆိုသည်။
မာ့စ်သည် ကျောင်းသားတစ်ဦးအဖြစ် တရားဝင် အလုပ်လုပ်ခွင့်ကို ရရှိရန် တက္ကသိုလ်တွင် ကျောင်း အပ်နှံရန် လိုအပ်ခဲ့ဖွယ်ရှိကြောင်း လူဝင်မှုရေးရာ ဥပဒေကျွမ်းကျင်သူနှစ်ဦးက ပြောကြားခဲ့သည်ဟု ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး မာ့စ်ပိုင်ဆိုင်သည့် ကုမ္ပဏီလေးခုုဖြစ်သည့် SpaceX၊ Tesla၊ X နှင့် The Boring ကုမ္ပဏီနှင့် မာ့စ်၏ ရှေ့နေဖြစ်သူ အဲလက်စပီရိုတို့ကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း တုံ့ ပြန်ခဲ့ခြင်းမရှိပေ။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
