တရုတ်ဟက်ကာများသည် အမေရိကန် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့နှင့် ဆက်နွှယ်သူများ အသုံးပြုသည့် ဖုန်းများကို ပစ်မှတ်ထားပြီး Verizon ဆက်သွယ်ရေး ကုမ္ပဏီ၏ စနစ်အတွင်းသို့ ကြားဖြတ်ဝင်ရောက်ခဲ့ကြောင်း ထိုအကြောင်းအရာနှင့်နီး စပ်သူတစ်ဦးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်နှင့် တွဲဖက်ကိုယ်စားလှယ်လောင်း ဂျေဒီဗန့်စ်တို့သည်လည်း ပစ်မှတ်ထား တိုက်ခိုက်ခံရကြောင်း မီဒီယာများက ဖော်ပြခဲ့သော်လည်း ထိုသတင်းများကို ရိုက်တာသတင်းဌာနက အတည်မပြုနိုင်ခဲ့ပေ။
မည်သည့်ဆက်သွယ်ရေး လမ်းကြောင်းများ ပစ်မှတ်ထားခံခဲ့ရသည်ကို စုံစမ်းစစ်ဆေးနေကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။
Verizon ဖုန်းလိုင်းစနစ်များကို လျှို့ဝှက်ဝင်ရောက်ပြီး ပစ်မှတ်ထားခံခဲ့ရသည့် အစိုးရအဖွဲ့၏ ဖုန်းနံပါတ်များနှင့် အစိုးရပြင်ပမှ ဖုန်းနံပါတ်များထဲတွင် ထရန့်နှင့် ဗန့်စ်တို့၏ ဖုန်းနံပါတ်များလည်း းပါဝင်ခဲ့ကြောင်း ယခု သီတင်းပတ်အတွင်း ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က သတိပြုမိခဲ့သည်ဟု နယူးယောက်တိုင်းမစ်က ဖော်ပြခဲ့သည်။
သို့သော် ထရန့်နှင့် ဗန့်စ်တို့၏ ဖုန်းများ ပစ်မှတ်ထားခံခဲ့ရသည့်အကြောင်းကို ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က အတည်မပြုခဲ့ပေ။
ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲဲ့မှ ဆက်သွယ်ရေးညွှန်ကြားရေးမှူး စတီဗင်ချောင်ကမူ ဒုတိယသမ္မတ ဟဲရစ်သည် ထရန့်ကို နောက်တစ်ကြိမ် အနိုင်ရမည့်အရေးကို တားဆီးရန်အတွက် တရုတ်နှင့် အီရန်တို့အား အမေရိကန်၏ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရန် ရဲဆေးတင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တိကျသေချာသည့် အခြေအနေကို မသိရသေးသည့်အချိန်တွင် ၀ါရှင်တန်ရှိ တရုတ်သံရုံးကမူ တရုတ်သည် မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ဆိုက်ဘာခိုးယူမှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများကို ဆန့်ကျင်ကြောင်း ထုတ် ပြန်ခဲ့သည်။
“သမ္မတရွေးကောက်ပွဲက အမေရိကန်ရဲ့ ပြည်တွင်းရေးဖြစ်ပါတယ်။ တရုတ်အနေနဲ့ အမေရိကန် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်သလို၊ အဲဒီလို ရည်ရွယ်ချက်လည်း မရှိပါဘူး”ဟု သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ဖြေကြားခဲ့သည်။
ဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။Verizon ဆက်သွယ်ရေးကုမ္ပဏီကမူ ၎င်းတို့စနစ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုကို သတိပြုမိကြောင်းနှင့် အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ယခုနှစ်အစောပိုင်းကလည်း ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရဖူးသည်။
အမေရိကန် တရားရေးဝန်ကြီးဌာနကမူ ထိုဆိုက်ဘာ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် သုံးဦးကို တရားစွဲဆိုခဲ့ကာ ၎င်းတို့သည် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲကို အနှောက်အ ယှက်ပေးရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
