ကိုင်ရို၊အောက်တိုဘာ ၂၈
အစ္စရေးရှိ ပါလက်စတိုင်းအကျဉ်းသားအချို့နှင့် အစ္စရေးဓ-ါးစာခံလေးဦးကို လဲလှယ်ရန်ဂါဇာကမ်းမြောင်ဒေသ၌ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို အီဂျစ်နိုင်ငံကအဆိုပြုခဲ့ကြောင်း အီဂျစ်သမ္မတကပြောကြားခဲ့သည်။
အပစ်အခတ်အပြည့်အဝရပ်စဲရေးနှင့် ဂါဇာကမ်းမြောင်သို့ အကူအညီများ လုံခြုံစွာပေးပို့နိုင်ရန် စေ့စပ်ညှိနှိုင်းမှုများကို ၁၀ ရက်အတွင်း စတင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ဆက်လက်၍ အီဂျစ်သမ္မတက ဂါဇာကမ်းမြောင်ပြင်ပသို့ ပါလက်စတိုင်းပြည်သူများကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းကို လက်မခံဘဲပယ်ချခဲ့ပြီး ဂါဇာကမ်းမြောင်မှပါလက်စတိုင်းပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုများဖြစ်လာနိုင်သည့် ပြင်းထန်သောဝိုင်းပတ်ပိတ်ဆို့မှုဒဏ်ကို ခံနေရသည်ဟုလည်း သတိပေးစကားပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်းနယ်စပ်ကိုဖြတ်၍ ဟားမတ်စ်တို့ကတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁,၂၀၀ ေ-သဆုံးခဲ့ရပြီး ၂၅၀ ခန့်ကို ဓ-ါးစာခံအဖြစ် ဖမ်းထားသဖြင့်လက်တုန့်ပြန်ရန် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
