မော်စကို၊အောက်တိုဘာ ၂၇
အနောက်အုပ်စုနှင့်နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းကိုရုရှားပိုင်နက်ထဲ အထိထိုးစစ်ဆင်ရန် တာဝေးပစ်ဒုံးကျည်အပါအဝင် အခြားနည်းလမ်းများဖြင့် ကူညီပါက လက်တုန့်ပြန်ရန် ရုရှားကာကွယ်ရေးတပ်များ ပြင်ဆင်နေသည်ဟု သမ္မတပူတင်ကပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းအကြားစစ်ပွဲသည် ရုရှားနှင့်အနောက်အုပ်စုအကြား စစ်အေးခေတ်နောက်ပိုင်း၌ အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ကာ စစ်ပွဲသည် ယခုအခါ အန္တရာယ်အရှိဆုံးအနေအထားကိုရောက်နေပြီဟု ရုရှားအရာရှိများကဆိုသည်။
အနောက်အုပ်စုအနေဖြင့် ယူကရိန်းခံစစ်အတွက်မဟုတ်ဘဲ ထိုးစစ်အတွက်ပံ့ပိုးခြင်းသည် စစ်ပွဲကို အကြီးမားဆုံး အရှိန်မြှင့်လိုက်ခြင်းပင်ဖြစ်သည်ဟုလည်း အမေရိကနှင့်မဟာမိတ်များကို သတိပေးနေခဲ့သည်။
ထိုးစစ်အတွက် လက်နက်ထောက်ပံ့ခြင်းသည် စစ်ပွဲ၌ အမေရိက၊နေတိုးနှင့်ဥရောပသမဂ္ဂတို့ ၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုအဖြစ်ယူဆကာ တုန့်ပြန်သွားမည်ဖြစ်ပြီး မည်သို့တုန့်ပြန်မည်ကိုပြောရန် စောသေးသည်ဟုလည်းပူတင်ကပြောကြားခဲ့သည်။
Source : ရိုက်တာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
