ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS စည်းကမ်းမဲ့ယာဉ်မောင်းများအား Traffic Control Center မှ Telematics စက်များ၊ CCTV record မှတ်တမ်းများဖြင့် အရေးယူဆောင်ရွက်နေကြောင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
အရေးယူမှုများတွင် ကားအချင်းချင်း ယှဉ်ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်၍ မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်း စသည်တို့ကို အဓိကထား အရေးယူနေသည်ဟုလည်း သိရသည်။
ယင်းကဲ့သို့မောင်းနှင်မှုများကြောင့်လည်း ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွါးမှုကို ကာကွယ်နိုင်ရန် စောင့်ကြည့်အရေး ယူနေခြင်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၌ YBS ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ (၁၂၇) ဦး၊ ေ-သဆုံးသူ (၃၅) ဦးအထိရှိခဲ့သည်။
ထို့ပြင် ယခုနှစ် (၈)လတာအတွင်း မဆင်မခြင်မောင်းနှင်ကာ စည်းကမ်းဖောက်ပျက်မှု (၄၀၀၀၀)ကျော်ရှိနေကာ အများအားဖြင့် ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု၊ မီးနီဖြတ်မောင်းနှင်မှု၊ ဘေးတံခါးဖွင့်မောင်းနှင်မှုနှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှုများ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ဘတ်စ်ကားယာဉ်လိုင်း (၁၃၁) လိုင်း၊ ယာဉ်အစီးရေ (၃၈၀၀) ခန့်ဖြင့်ခရီးသည် (၁.၄) သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိနေခြင်း ဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
