အာဖရိကတွင် သီတင်းတစ်ပတ်အတွင်း သံသယဖြစ်ဖွယ် mpox ကူးစက်မှုဖြစ်စဉ်သစ် ၂,၇၂၉ ခုရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC) က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ယင်းဖြစ်စဉ်များတွင် ဖြစ်စဉ် ၁,၀၀၁ခု သည် စမ်းသပ်မှုမှတစ်ဆင့် mpox ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု အာဖရိက CDC ၏ mpox အဖွဲ့အကြီးအကဲ နာဂါရှီအန်ဂိုဂိုက ပြောကြားခဲ့သည်။
Mpox ကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများတွင် စစ်ဆေးမှုနှင့် ဓာတ်ခွဲခန်းစွမ်းဆောင်ရည် အကန့်အသတ်များကြောင့် ယခုထုတ်ပြန်ထားသော အရေအတွက်သည် အခြား ကူးစက်မှုဖြစ်စဉ်များနှင့် မသက်ဆိုင်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ နောက်ထပ် သေဆုံးသူ ၂၆ ဦးရှိသည်ဟုလည်း ဆိုသည်။
အာဖရိကသည် ယခုနှစ်နှစ်စကတည်းက mpox ကြောင့် သေဆုံးမှုနှင့်ဆက်နွှယ်၍ လွန်ခဲ့သည့် သီတင်းပတ်က ၎င်း၏ ထုတ်ပြန်ချက်များကို ပြင်ဆင်ခဲ့သည်။အာဖရိကတွင် သံသယဖြစ်ဖွယ် mpox ကူးစက်မှုဖြစ်စဉ် ၄၅,၃၂၇ တွင် သေဆုံးသူ ၁,၀၁၄ ဦးရှိ ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။လွန်ခဲ့သည့် သီတင်းပတ်က အာဖရိကတစ်ဝန်း တွင် mpox ကြောင့်သေဆုံးသူ ၁,၁၀၀ ရှိသည်ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကင်မရွန်း၊ ဂါဘွန်၊ ဂီနီ၊ ရာဝမ်ဒါ သို့မဟုတ် တောင်အာဖရိကတွင် လွန်ခဲ့သည့် သီတင်းပတ် လေးပတ်အတွင်း mpox အတည်ပြု ကူးစက်မှုဖြစ်စဉ်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
သို့သော် ကလေးများအကြား ကူးစက်မှုဖြစ်စဉ်များ အထူးသဖြင့် ဒီအာကွန်ဂိုနိုင်ငံတွင် စိုးရိမ်ဖွယ် အခြေအနေ ရောက်ရှိနေပြီး ယင်းနိုင်ငံတွင်နှင့် ဝက်သတ်ရောဂါ တစ်ပြိုင်နက်တည်း ကြုံတွေ့ခံစားနေရသည်။
ဒီအာကွန်ဂိုတွင် mpox ကာကွယ်ဆေးများ စတင်ထိုးနှံနေသော်လည်း ယင်းကာကွယ်ဆေးများသည် အရွယ်ရောက်ပြီးသူများသာ ထိုးနှံနိုင်သည်။
အာဖရိကသမဂ္ဂလက်အောက်ရှိ အာဖရိက CDC သည် အာဖရိကတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဌာနများ၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် တာဝန်ရှိသော အဖွဲ့ဖြစ်သည်။
သြဂုတ်လက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကွန်ဂိုနှင့် အခြားအာဖရိက နိုင်ငံများတွင် mpox ရောဂါကူးစက်ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ ထုတ် ပြန်ကြေညာခဲ့သည်။ကွန်ဂိုနိုင်ငံတွင် သိပ္ပံပညာရှင်များက ပိုမိုလွယ်ကူစွာ ကူးစက်ပျံ့နှံ့နိုင်သော mpox မျိုးကွဲသစ်တစ်မျိုးကို ဖော်ထုတ်ခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသော မျိုးနွယ်စုတစ်စုထဲမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။
ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများ ပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံး အကြိမ် ဖြစ်ပွားသည့် ကူးစက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၇၂၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက် ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့် လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။
mpox ဗိုင်းရပ်စ်တွင်clade 1နှင့် clade 2 ဟူ၍နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့် b ဟူ၍ အခွဲ clades များရှိသည်။
Ref:AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
