လာမည့် နိုဝင်ဘာလတွင် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်၌ DEMU တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ DEMU တွဲဆိုင်းအသစ်များပြေးဆွဲရန် လမ်းပိုင်းများအဆင့်မြှင့်တင်ခြင်း ၊ ရထားနှင့်ကားလမ်းကူးဂိတ်များတွင် အချက်ပြစနစ်များတပ်ဆင်ခြင်း၊ ဘူတာများ အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ခရီးသည်များ အတတ်အဆင်း အဆင်ပြေစေရန် ဘူတာပလက်ဖောင်းမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DEMU တွဲ (၆) တွဲပါ တွဲဆိုင်း (၁၁) ဆိုင်းကို ဝယ်ယူထားပြီး (၉) ဆိုင်းရောက်ရှိနေပြီဖြစ်သည့်အတွက် လာမည့်နိုဝင်ဘာလတွင် ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။
ထို့ပြင် ဒီဇယ်ဈေးမြင့်တက်လာမှုကြောင့် အောက်တိုဘာလ (၂၀) ရက်မှ စတင်ကာ လက်မှတ်ခနှုန်းထားများကို သုညမိုင်မှ မိုင် (၂ဝ) ခရီးအတွက် ယခင် (၂ဝဝ) ကျပ်အစား (၄ဝ ဝ) ကျပ်၊ မိုင် (၂ဝ) နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယ ခင် (၃ဝဝ) ကျပ်အစား (၈ဝဝ) ကျပ်အဖြစ် ပြောင်းလဲသတ် မှတ်ထားကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
