မန်ယူအသင်းသည် နည်းပြ ဆိုးလ်ရှား၏နေရာတွင် အစားထိုးရန် PSG အသင်းနည်းပြ တူဟယ်လ်ကို ပစ်မှတ် ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ဆိုးလ်ရှားကို လွန်ခဲ့သည့် (၆)လခန့်ကမှ (၃)နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သော်လည်း ယခုရာသီတွင် အသင်းမှာ ရလဒ်များဆိုးရွားနေ၍ ဆိုးလ်ရှား၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိ နေသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော ဝက်စ်ဟမ်း (၂-၀) မန်ယူပွဲမတိုင်မီ ဆိုးလ်ရှား၏အနာဂတ်နှင့်ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဆိုးလ်ရှားအနေဖြင့် မန်ယူအသင်းကို ရလဒ်ကောင်းများ ရရှိအောင် မစွမ်းဆောင်ပေးနိုင်ပါက မန်ယူအသင်းတာဝန်ရှိ သူများသည် ၎င်း၏နေရာတွင် ဂျာမန်လူမျိုးနည်းပြ တူ ဟယ်လ်နှင့် အစားထိုးသွားလိမ့်မည်ဟု Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် တူဟယ်လ်ကို ကြိုတင်ဆက်သွယ်မှုများပင် ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြင်သစ်မီဒီယာများကလည်း ဖော်ပြခဲ့ကြသည်။
ပြင်သစ်သတင်းစာ Le10Sport ၏ ဖော်ပြချက်အရ တူဟယ်လ်ကို ခေါ်ယူရန် ရလဒ်ဆိုးများကြုံတွေ့နေသော စပိန်ကလပ် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေရာ မန်ယူအသင်းအနေဖြင့် ဘာစီလိုနာနှင့်အပြိုင် ယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရှိရသည်။
ဆိုးလ်ရှားသည် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်စဉ် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း နည်းပြစာချုပ် ချုပ်ဆိုအပြီးတွင် အသင်းမှာ ရလဒ်များ ယိမ်းယိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
