ပေပေအား ပယ်နယ်တီပေးကန်ခဲ့သည့် အူဘာမီယန်းကို အမ်မရီ ချီးကျူး
24htopnews | October 28, 2024 6:12 PM CST
အာဆင်နယ်အသင်းနည်းပြ အမ်မရီက အက်စတွန်ဗီလာအသင်းကို(၃-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းဖော် ပေပေအား ပယ်နယ်တီပေးကန်ခဲ့သည့် တိုက်စစ်မှူး အူဘာမီယန်း၏ဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
အသက် (၃၀)နှစ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် အာဆင်နယ်အသင်းတွင် ပယ်နယ်တီကန်သွင်းသည့် တာဝန်ပေးအပ်ခံထားရသူဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ပေပေအား အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ရန် ပယ်နယ် တီပေးကန်ခဲ့ခြင်းဖြစ်သည်။
အမ်မရီက ''ပေပေကို ပယ်နယ်တီပေးကန်ခဲ့တာက သူ့ရဲ့ကြီးကျယ်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ပေပေအနေနဲ့ သွင်းဂိုးအတွက် ယုံကြည်မှုပိုရှိလာဖို့ သူက အခွင့်အရေးပေးလိုက်တာပါ''ဟု ဆိုခဲ့သည်။
အူဘာမီယန်းသည် အက်စတွန်ဗီလာနှင့်ပွဲတွင် အနိုင်ဂိုးအား ပွဲချိန် (၈၄)မိနစ်၌ ပြစ်ဒဏ်ဘောမှတစ်ဆင့် လှလှပပကန်သွင်းယူခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
