ဗယ်လာဒိုလစ် - ဂရန်နာဒါ (အင်္ဂါနေ့ မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီ)
ဂရန်နာဒါရဲ့အဝေးကွင်းဂိုးသွင်းအားက ဒီပွဲမှာလည်း အလုပ်ဖြစ်ဦးမလားစောင့်ကြည့်ရလိမ့်မယ်။ ဗယ်လာဒိုလစ်ကတော့ အိမ်ကွင်းအားပြုကစားတတ်တဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဂိုးသွင်းခြေပိုရှိတဲ့ ဂရန်နာဒါနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။
ဘက်တစ် - လီဗန်တေး (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ဝဝး၃၀ နာရီ)
ဘက်တစ်ကစားပုံကသိပ်အားရစရာမရှိသေးဘူး။ အိမ်ကွင်းမှာတောင် အနိုင်ရဖို့ခက်နေသေးတဲ့ကစားအားမျိုးနဲ့ဆိုရင်တော့ လီဗန်တေးလို ကွင်းမရွေးဘဲ မာရေကျောရေကစားနိုင် တဲ့ အသင်းကိုလည်း ဘက်တစ်တို့ ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာ သေချာပါတယ်။ ဂိုးအနည်းသရေပွဲလို့ပဲထင်တယ်။
ဘာစီလိုနာ - ဗီလာရီးယဲလ် (ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ)
ဂရန်နာဒါကိုရှုံးနိမ့်ပြီးနောက်မှာတော့ ဗယ်လ်ဗာဒီရဲ့အနာဂတ်အတွက် စိုးရိမ်စရာအခြေအနေဖြစ်သွားတာတော့အမှန်ပါပဲ။ အခုလည်း အိမ်ကွင်းမှာ ဗီလာရီးယဲလ်နဲ့ကစားရမှာဆိုတော့ ဗယ်လ်ဗာဒီအတွက်က စိန်ခေါ်မှုရှိနေပါတယ်။ ဘာစီလိုနာဟာ ဒီရာသီအိမ်ကွင်း (၂)ပွဲမှာ တစ်ပွဲ (၅)ဂိုးစီသွင်းထားနိုင်ပြီး သူတို့ရဲ့အိမ်ကွင်းတိုက်စစ်အားကို ပြထားနိုင်ခဲ့တယ်။ ဗီလာရီးယဲလ်ကလည်း ခံစစ်သိပ်မငြိမ်သေးဘဲ ဂိုးတွေပေးနေရလို့ ဘာစီလိုနာတိုက်စစ်အတွက် အခွင့်အရေးဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အယ်လ်ဘီယိုဦးဆောင်တဲ့ ဗီလာရီးယဲလ်ခံစစ်က နူးကမ့်မှာဂိုးမြူးနေတဲ့ ဘာစီလိုနာတိုက်စစ်ကို ဘယ်လောက်အထိ တောင့်ခံကစားနိုင်မလဲဆိုတာက အဓိကစောင့်ကြည့်ရမလိုဖြစ်နေတယ်။ ဘာစီလိုနာအနေနဲ့လည်း အဝေးကွင်းရလဒ်ဆိုးတွေအတွက် အိမ်ကွင်းပွဲတွေမှာ ပြန်လည်ပေါက်ကွဲမှာသေချာပါတယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲရွေးထားရမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
