၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ဗိုလ်စွဲမည့်အသင်းမှာ ဆုကြေး ကျပ်သိန်း ၃၀၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်(MNL)ကော်မတီသည် ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်သည့်အသင်းများကို ကျပ် ၇၅ သိန်းစီ ချီးမြှင့်ခဲ့ပြီး ဗိုလ်စွဲသည့်အသင်းကို ကျပ်သိန်း ၃၀၀၊ ဒုတိယဆုရအသင်းကို ကျပ်သိန်း ၁၅၀ ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်မီဒီယာဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲမင်းဝင်းက အတည်ပြုပြောကြားသည်။
''ဆီမီးဖိုင်နယ်ကိုတက်သွားတဲ့အသင်းတွေက ၇၅ သိန်းစီရမယ်။ ချန်ပီယံအသင်းက သိန်း ၃၀၀၊ ဒုတိယရတဲ့အသင်းက သိန်း ၁၅၀ ရမှာဖြစ်ပါတယ်။ ချန်ပီယံနဲ့ ဒုတိယရတဲ့ အသင်းနှစ်သင်းအတွက် ဆီမီးဖိုင်နယ်မှာ ရတဲ့ဆုကြေးတွေကို ထည့်ပေါင်းသွားမှာ မဟုတ်ပါဘူး''ဟု ဦးရဲမင်းဝင်းက ဆိုသည်။
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ယခုပြိုင်ပွဲ တွင် ထပ်မံဗိုလ်စွဲပါက ရာသီကြိုချာရတီဖလား နှင့် MNL ချန်ပီယံဆုအပြင် တစ်နှစ်အတွင်း ဆုဖလားအားလုံး ဆွတ်ခူးရရှိမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
