ရာသီအစရလဒ်ဆိုးများကြောင့် ရုန်းကန်နေရသည့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် ပရီးမီးယားလိဂ်မှထုတ်ပယ်ခံရနိုင်သည့် နည်းပြများစာရင်းတွင် ဒုတိယရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် စက်တင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲတွင် ဝက်စ်ဟမ်းအသင်းကို (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ပြီး ယခုရာသီအတွက် လေးပွဲမြောက် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။
မန်ယူအသင်းသည် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ အဝေးကွင်းကိုးပွဲယှဉ်ပြိုင်ကစားရာ နိုင်ပွဲလုံးဝမရှိဘဲ သုံးပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ထားသဖြင့် ဆိုးလ်ရှား၏အနာဂတ်မှာ ရာသီကုန်ချိန်အထိဆက် ရှိနေရန် မသေချာတော့ကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ထို့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှုစာရင်းတွင်လည်း အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗား (၅/၄) ပြီး လျှင် ဆိုးလ်ရှားက ၆/၁ လေးဖြင့် ဒုတိယနေရာရပ်တည်နေခြင်းဖြစ်သည်။
သို့သော် ဆိုးလ်ရှားက ''ဒီနေ့ပွဲမှာ အမှတ်မရခဲ့တာကို လက်ခံရမှာပါ။ နိုင်ပွဲမရတဲ့အတွက် စိတ်ပျက်မိပေမဲ့ ယုံကြည်မှုတော့ အပြည့်ရှိပါတယ်''ဟု ယင်းပွဲအပြီးတွင် ပြောကြားသည်။
နည်းပြဟောင်း မော်ရင်ဟိုကမူ ''ကစားသမားသစ်သုံးယောက်ကို ကျွန်တော်သဘောကျပါတယ်။ သူတို့က အသင်းအတွက် ကောင်းမွန်တဲ့အရည်အသွေးတချို့ ယူဆောင်လာပေး တယ်လို့ထင်တယ်။ ဒါပေမဲ့ အသင်းလိုက်ကစားပုံကိုတော့ သဘောမကျပါဘူး။ ဒီရလဒ်အတွက် မအံ့သြသလို အိုလေးကလည်း အပြုသဘောဆောင်တဲ့အရာတွေ လုပ်နိုင်တယ်လို့ မထင်ပါဘူး''ဟု ဝေဖန်ပြောကြားသည်။
ရာထူးမှထုတ်ပယ်ခံရရန် ရေပန်းစားမှု
အမည် အသင်း ရေပန်းစားမှု
မာကိုဆေးလ်ဗား အဲဗာတန် ၅/၄
ဆိုးလ်ရှား မန်ယူ ၆/၁
ပိုချက်တီနို စပါး ၁၀/၁
ဖလောရက်စ် ဝက်ဖို့ဒ် ၁၂/၁
နူနိုဆန်တို ဝုလ်ဗ် ၁၂/၁
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
