ရန်ကုန်နှင့် ရှမ်းအသင်း ယှဉ်ပြိုင်မည့် ရှုံးထွက်ပြိုင်ပွဲဗိုလ်လုပွဲတွင် ကံစမ်းမဲအစီအစဉ်များ ထည့်သွင်းထား
24htopnews | October 28, 2024 6:12 PM CST
စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဗိုလ်လုပွဲဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲတွင် ကံစမ်းမဲအစီအစဉ်များ ထည့်သွင်းထားကြောင်း သိရ သည်။
ယင်းဗိုလ်လုပွဲကို ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအဖြစ် အထူးတန်းကျပ် ၂၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားသည်။
လာရောက် ကြည့်ရှုအားပေးမည့် ပရိသတ်များအတွက် Canon ကင်မရာတစ်လုံး၊ ၃၂ လက်မ TV နှစ်လုံး၊ Canal+ ငါးလုံး၊ Stand Fan သုံးလုံး၊ MNL Polo ဂျာစီ ၁၀ ထည်ကို ကံစမ်းမဲနှိုက်၍ ရွေးချယ်ပေးမည်ဖြစ်ပြီး ကွင်းအတွင်း ပထမဆုံးရောက်ရှိသည့် ပရိသတ် ၆၀၀ ကိုလည်း MNL ဂျာစီအထည် ၆၀၀ လက်ဆောင် ပေးမည်ဖြစ်သည်။
ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ဗိုလ်လုပွဲကို MWD ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
