မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားသည် အသင်းဖော် မန်ဒီကို နောက်ပြောင်မှုကြောင့် လူမျိုးရေးခွဲခြားမှုဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ စုံစမ်းစစ်ဆေးမှုခံရဖွယ်ရှိနေကြောင်း သိရသည်။
ဘာနာဒိုဆေးလ်ဗားသည် မန်ဒီငယ်စဉ်က ရိုက်ကူးထားသည်ဟုယူဆရသည့် ကလေးတစ်ဦးဓာတ်ပုံနှင့် စပိန်နိုင်ငံထုတ် Conguitos အမှတ်တံဆိပ်သကြားလုံးမှ လူမည်းကလေးပုံ ကာတွန်းရုပ်ကိုယှဉ်တွဲ၍ ''ဘယ်သူလဲ ခန့်မှန်းကြည့်''ဟု ရေးသားကာ စက်တင်ဘာ ၂၂ ရက်က Twitterတွင် တင်ခဲ့သည်။
သို့သော် ၎င်း၏ရေးသားမှုမှာ လူမျိုးရေးခွဲခြားသည့်ပုံစံဖြစ်ကြောင်း ဝေဖန်မှုများစွာထွက်ပေါ်လာသောကြောင့် တစ်နာရီခန့်အကြာမှာပင် ပို့စ်ကိုပြန်ဖျက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘာနာဒိုဆေးလ်ဗားက ''ဒီလိုနေ့တွေမှာ သူငယ်ချင်းတစ်ယောက်ကိုတောင် နောက်လို့မရတော့ဘူး''ဟု ထပ်မံရေးသားထားသည်။
မန်ဒီကလည်း ၎င်း၏နောက်ပြောင်မှုကို စိတ်မဆိုးဘဲ လက်ခုပ်တီးနေသည့်ပုံစံနှင့် ရယ်မောနေသည့်ပုံစံ Emoji များအပြင် ''၁-၀ ဖြစ်သွားပြီ။ မင်းလည်းစောင့်ကြည့်နေပါ''ဟု တုံ့ပြန်ရေးသားခဲ့ကြောင်း သိရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် ယင်းဖြစ်ရပ်ကိုစောင့်ကြည့်နေပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ဆုံးဖြတ်ပါက ဘာနာဒိုဆေးလ်ဗားအနေဖြင့် ဒဏ်ငွေ (သို့မဟုတ်) ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ဘာနာဒိုဆေးလ်ဗားနှင့် မန်ဒီသည် ရင်းနှီးသည့်မိတ် ဆွေများဖြစ်ပြီး မိုနာကိုအသင်းကတည်းက အတူတွဲကစားခဲ့သလို ၂၀၁၇ ခုနှစ် နွေရာသီ တွင် မန်စီးတီးအသင်းသို့ အတူပြောင်းရွှေ့လာခြင်းဖြစ်သည်။
ဘာနာဒိုဆေးလ်ဗားသည် စက်တင်ဘာ ၂၁ ရက်က ဝက်ဖို့ဒ်အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရသည့်ပွဲတွင် ကစားသမားဘဝတစ်လျှောက် ပထမဆုံးဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
