ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ယခုရာသီတွင်ကျင်းပသည့် ပြိုင်ပွဲသုံးခုစလုံး၌ အနိုင်ရဗိုလ်စွဲလိုကြောင်း ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင်ကျင်းပသည့် ရာသီကြို ချာရတီဖလားပြိုင်ပွဲနှင့် MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲထားပြီး တစ်ရာသီအတွင်း ပြိုင်ပွဲသုံးခုစလုံး၌ ဗိုလ်စွဲရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင်သာ ကျန်ရှိတော့သည်။
ထို့ကြောင့် ဦးအောင်နိုင်က စက်တင်ဘာ ၂၄ ရက်တွင်ကစားမည့် ရှုံးထွက်ဗိုလ်လုပွဲ၌ ဗိုလ်စွဲရန် ပစ်မှတ်ထားနေပြီး တစ်ရာသီအတွင်း ပြိုင်ပွဲသုံးခုစလုံး၌ ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း ပြောကြားခြင်းဖြစ်သည်။
ဦးအောင်နိုင်က '' ပြင်ဆင်မှုကိုတော့ အပြောင်းအလဲအများကြီး မလုပ်ထားပါဘူး။ ပုံမှန်ပြင်ဆင်နေတဲ့အတိုင်းပဲ ပြင်ဆင်နေပါတယ်။ တစ်ရာသီအတွင်း ပြိုင်ပွဲသုံးခုစလုံးမှာဗိုလ်စွဲဖို့ ပြင်ဆင်နေပါတယ်။ ရာသီကြိုချာရတီပြိုင်ပွဲနဲ့ အမှတ် ပေးပြိုင်ပွဲမှာ ဗိုလ်စွဲထားပြီးဖြစ်တာကြောင့် ကျန်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာလည်း ထပ်မံဗိုုလ်စွဲဖို့ ကြိုးစားမှာပါ။ ရှမ်းအသင်းကို မှတ်တမ်းကောင်းတစ်ခု ထပ်မံ ပိုင်ဆိုင်စေချင်ပါတယ်။ ရှမ်းပြည်နယ်က ပရိသတ်တွေ လာရောက်အားပေးမှာဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အားဖြစ်စေမှာပါ။ အကောင်းဆုံးယှဉ်ပြိုင်ပြီး အနိုင်ရအောင် ကြိုးပမ်းမှာပါ''ဟု ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းသည် ရှုံးထွက်ဗိုလ်လုပွဲသို့ သုံးနှစ်အတွင်း ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်ပြီး ၂၀၁၇ ရာသီတွင် ချန်ပီယံဆု ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
