ရန်ကုန်ယူနိုက်တက်အသင်း ယာယီ နည်းပြချုပ် ဦးတင်မောင်ထွန်းက ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ချန်ပီယံဆုကို အရယူနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ကြုံးဝါးပြောကြားသည်။
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲဗိုလ်လုပွဲကို စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရန်ကုန်အသင်းသည် ယခုပြိုင်ပွဲတွင်ဗိုလ်စွဲမှသာ လာမည့်ရာသီတွင် AFC Cup ပြိုင်ပွဲဝင်ခွင့်ရမည့်အပြင် နောက်ဆုံးချန်ပီယံမျှော်လင့်ချက်အတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
''လက်ရှိအသင်းအနေအထားကို အားရ ကျေနပ်မှုရှိပါတယ်။ ဒဏ်ရာရကစားသမား တချို့ရှိနေတာကလွဲရင် အသင်းရဲ့ပြင်ဆင်မှုနဲ့ ကစားသမားတွေရဲ့အနေအထားကို ကျေနပ်ပါတယ်။ ကျွန်တော်တို့အတွက် ရှုံးထွက်ချန်ပီယံဆုက အရေးကြီးပါတယ်။ ဒီရာသီ နောက်ဆုံးချန်ပီယံဆု မျှော်လင့်ချက်ဖြစ်သလို လာမယ့်ရာသီ AFC Cup ပြိုင်ပွဲဝင်ခွင့်ရဖို့ အဆုံးအဖြတ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေကိုလည်း သေချာမှာကြားထားပါတယ်။ ဒီပြိုင်ပွဲမှာ မဖြစ်မနေအနိုင်ရအောင် ကြိုးစားဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပြိုင်ပွဲဖြစ်ပေမဲ့ ဖိအားတော့မရှိပါဘူး။ ပိုပြီးကြိုးစားချင်စိတ်ပဲဖြစ်စေပါတယ်။ ကျွန်တော့်ရဲ့ ယာယီနည်းပြလက်ထက်မှာရထားတဲ့ ရှုံးပွဲမရှိမှတ်တမ်းအတွက် ကျေနပ်ပါတယ်။ ဒါက ကွင်းထဲမှာကစားတဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်ကြောင့် ရှုံးပွဲမရှိမှတ်တမ်းရထားတာပါ။ ဒါကြောင့်လည်း ကျေးဇူးတင်ပါတယ်။ ရှုံးထွက်ပြိုင်ပွဲမှာဗိုလ်စွဲဖို့ အသင်းသား အားလုံးကြိုးစားသွားမှာပါ''ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။
ဦးတင်မောင်ထွန်းသည် ရန်ကုန်အသင်းယာယီနည်းပြချုပ်အဖြစ် ပထမအကျော့အပြီးတွင် ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ၁၁ ပွဲ၊ ရှုံးထွက်ပြိုင်ပွဲသုံးပွဲ၊ AFC Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတစ်ပွဲ၊ စုစုပေါင်း ၁၅ ပွဲတွင် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
