လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်း၏ကင်းထောက်စနစ်ကို သူလျှိုပြုလုပ်မှုကြောင့် နစ်နာကြေး ပေါင်တစ်သန်း ပေးချေခဲ့ရဖူးကြောင်း သိရသည်။
ဗြိတိန်အခြေစိုက် The Times သတင်းစာ၏ဖော်ပြချက်အရ ယင်းဖြစ်ရပ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်း၏တိုင်ကြားမှုကြောင့် လီဗာပူးလ်အသင်းက နစ်နာကြေး ပေါင်တစ်သန်းကို လျှို့ဝှက်ပေးချေခဲ့ရကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ၎င်းတို့၏ကင်းထောက်စနစ်ကို သူလျှိုပြုလုပ်ပါက သိရှိနိုင်ရန်အတွက် ကွန်ပျူတာပညာရှင်များ ခန့်အပ်ထားပြီး Scout7 စနစ်သို့ လီဗာပူးလ်အသင်းဝန်ထမ်းများက အကြိမ်များစွာ Login ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းပြဿနာအတွက် နှစ်သင်းအကြား သဘောတူညီမှုရရှိအပြီး တစ်နှစ်အကြာတွင် မန်စီးတီးအသင်း ကင်းထောက်ဝန်ထမ်းဟောင်းသုံးဦး လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။
မန်စီးတီး အသင်းကမူ ၎င်းတို့သုံးဦးအနက် နှစ်ဦးမှာ ရှစ်လကျော်ကာလအတွင်း Scout7 စနစ်မှ အချက်အလက်ရာနှင့်ချီ၍ ရရှိသွားကြောင်း စွပ်စွဲထားသည်။
Scout7 စနစ်သည် ဘောလုံးနှင့်ဆိုင်သော အချက်အလက်များစုဆောင်းထုတ်ပြန်ပေးသည့် OptaPro နှင့် ၂၀၁၇ ခုနှစ်မှစ၍ လက်တွဲခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ကစားသမားငါးသိန်းကျော် ၏ စွမ်းဆောင်ရည်အချက်အလက်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် Scout7 စနစ်ကို အသုံးပြုနေသည့် ပရော်ဖက်ရှင်နယ်ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်ဘောလုံးအဖွဲ့ချုပ် စုစုပေါင်း ၁၇၀ ကျော်ရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ယင်းဖော်ပြမှုများနှင့်ပတ်သက်၍ မှတ်ချက်ပေးမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
