ဂျူဗင်တပ်စ်အသင်းဝါရင့်ဂိုးသမား ဘူဖွန်သည် အေစီမီလန်ဂန္ထဝင်နောက်ခံလူ ပေါ်လိုမာလ်ဒီနီ၏ ကလပ်ပွဲအများဆုံးကစားထားသည့် အီတလီကစားသမားစံချိန်ကိုအမီ လိုက်နိုင်ခဲ့ကြောင်း သိရသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဘူဖွန် သည် ယခုနွေရာသီတွင် PSGအသင်းမှ ဂျူဗင်တပ်စ်သို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်က ဗီရိုနာအသင်းနှင့်ပွဲ၌ ပွဲထွက်ကစားခွင့်ရခဲ့သည်။
ယခုပွဲအပါအဝင် ဘူဖွန်၏ကစားသမားဘဝတစ်လျှောက် ကလပ်အသင်းပွဲစုစုပေါင်းမှာ ၉၀၂ ပွဲရှိလာပြီး မာလ်ဒီနီ၏ ကလပ်ပွဲအများဆုံး အီတလီကစားသမားစံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘူဖွန်သည် ပါးမားအသင်းအတွက် ပွဲ ၂၂၀၊ ဂျူဗင်တပ်စ်အသင်းအတွက် ၆၅၇ ပွဲနှင့် PSGအသင်းအတွက် ၂၅ ပွဲ၊ စုစု ပေါင်း ၉၀၂ ပွဲ ကစားထားခြင်းဖြစ်သည်။
ထို့အပြင် ဘူဖွန်သည် မာလ်ဒီနီ၏ စီးရီးအေပွဲအများဆုံး ၆၄၇ ပွဲစံချိန်ကိုလည်း လိုက်မီရန် ခြောက်ပွဲသာလိုအပ်တော့ပြီး လက်ရှိအချိန်တွင် ၆၄၁ ပွဲဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
ဘူဖွန်အနေဖြင့် ပြီးခဲ့သည့်ရာသီက PSGအသင်းသို့ ပြောင်းရွှေ့သွားသဖြင့် စီးရီးအေပွဲအများဆုံးစံချိန် ချိုးဖျက်နိုင်ရန် ကြန့်ကြာနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
