ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည့် Ballon d'Or ဆုပေးပွဲအခမ်းအနားသို့ ဂါနာချိုနှင့် မိန်နူးကို ခေါ်ဆောင်သွားပေးရန် မန်ယူအသင်း၏ကမ်းလှမ်းမှုအား မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် Ballon d'Or ဆုပေးပွဲ အခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၉ ရက် နံနက် ၁ နာရီခွဲ) တွင် ကျင်းပမည်ဖြစ်ပြီး မန်ယူအသင်း တောင်ပံကစားသမား ဂါနာချိုနှင့် ကွင်းလယ်လူ မိန်နူးမှာ လူငယ်ကစားသမားဆု (Kopa Trophy) အတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသည်။
မန်စီးတီးအသင်းမှာလည်း အမျိုးသားကစားသမားဆုအတွက် နောက်ခံလူ ဒီယက်စ်၊ ကွင်းလယ်လူ ဖိုဒန်နှင့် ရိုဒရီ၊ တိုက်စစ်မှူး ဟာလန်း၊ အမျိုးသမီးကစားသမားဆုအတွက် ဟာဆီဂါ၀ါ၊ ဟမ့်၊ ရှော၊ လူငယ်ကစားသမားဆုအတွက် ဆယ်ဗင်ညိုတို့ ဆန်ခါတင်စာရင်း၌ ရွေးချယ်ခံထားရသည်။
မန်စီးတီးအသင်းအနေဖြင့် ၎င်းတို့ ကစားသမားများကို ပါရီမြို့သို့ သီးသန့် လေယာဉ်ဖြင့် စေလွှတ်ဖွယ်ရှိနေရာ မန်ယူ အသင်းကလည်း ဂါနာချိုနှင့် မိန်နူးကို အတူခေါ်သွားပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာန က ဖော်ပြခဲ့သည်။
လေယဉ်တွင် လိုက်ပါမည့်သူများ ပြည့်နေသောကြောင့် မန်စီးတီးအသင်းက မန်ယူအသင်း၏ ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူ အသင်းသည် အသုံးစရိတ်လျှော့ချမှုများ ပြုလုပ်လျက်ရှိပြီး ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို လည်း သံတမန်ရာထူးမှ ဖယ်ရှားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
