ဆော်ဒီအာရေဗျလက်ရွေးစင်အသင်းသည် ရောဘတ်တိုမန်ချီနီနှင့် လမ်းခွဲပြီးနောက် နည်းပြဟောင်းဖြစ်သူ အယ်ဗီရီနာ့ဒ် ကို ပြန်လည်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် ပြင်သစ်နိုင်ငံသားနည်းပြ ရီနာ့ဒ်သည် ဆော်ဒီအသင်းကို ၂၀၁၉ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ခုနှစ် မတ်လအထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ဆော်ဒီ အသင်းသည် ရီနာ့ဒ်၏နေရာတွင် နာမည်ကြီး အီတလီနည်းပြ မန်ချီနီကို တစ်နှစ်လစာ ယူရို ၂၅ သန်းအထိ (အခွန်ပေးဆောင်ရန်မလို) ပေး၍ ခန့်အပ်ခဲ့သော်လည်း ၁၄ လအကြာမှာပင် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့သည်။ ထို့နောက် နည်းပြဟောင်းဖြစ်သူ ရီနာ့ဒ်ကို ပြန်လည်ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး စာချုပ်သက်တမ်းကိုမူ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
"ကျွန်တော် ပြန်လာပါပြီ။ ဒီအသင်းက နေထွက်ခွာဖို့ ကျွန်တော်မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့နိုင်ငံ၊ ခင်ဗျားရဲ့တံခါးကို လာခေါက်တဲ့အခါ တုံ့ပြန်ရပါမယ်။ ကျွန်တော်နဲ့ ဆော်ဒီရဲ့ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး" ဟု ရီနာ့ဒ်က ပြောကြားခဲ့သည်။
ရီနာ့ဒ်သည် ဆော်ဒီအသင်းအား ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေရန် စွမ်းဆောင်ပေးခဲ့ပြီး အုပ်စုအဖွင့်ပွဲတွင် အာဂျင်တီးနားအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ရှော့ခ်အဖြစ်ဆုံး ပွဲစဉ်ရလဒ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ဆော်ဒီအသင်းမှာ လက်ကျန်နှစ်ပွဲတွင် ပိုလန်နှင့် မက္ကဆီကိုတို့ကို ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို အာရေဘီယံပင်လယ်ကွေ့ဖလားပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်မှထွက်ရသောကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ရီနာ့ဒ်သည် ဇမ်ဘီယာ (နှစ်ကြိမ်)၊ အန် ဂိုလာ၊ အိုင်ဗရီကို့စ်၊ မော်ရိုကိုစသည့် အာဖရိကလက်ရွေးစင်အသင်းများနှင့် ဆိုးချော့စ်၊ လိုင်လီစသည့် ပြင်သစ်ကလပ်အသင်းများကို ကိုင်တွယ်ဖူးသလို ပြင်သစ်လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြအဖြစ် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
