၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် ပြိုင်ပွဲလက်ခံကျင်းပမည့် ထိုင်းနိုင်ငံသို့ကြိုတင်သွားရောက်ခဲ့ပြီး ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် အောက်တိုဘာ ၂၇ ရက်က ထိုင်းနိုင်ငံ၊ နာခွန်ရတ်ချာဆီမာမြို့သို့ ထွက်ခွာသွားခဲ့ပြီး အပြီးသတ်ကစားသမား ၁၆ ဦးနှင့် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် ၁၀ ဦး လိုက်ပါသွားကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(B) ၌ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေသည်။
တစ်ဖက်အုပ်စု(A) တွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊ ဘရူနိုင်းအသင်းတို့ ပါဝင်နေပြီး ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ (၄)ရက်တွင် သြစတြေးလျအသင်း၊ နိုဝင်ဘာ (၅)ရက်တွင် ကမ္ဘောဒီးယားအသင်း၊ နိုဝင်ဘာ(၆)ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ နှစ်သင်းစီမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ(၈)ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို နိုဝင်ဘာ (၁၀)ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းသည် အုပ်စုတွင်း၌ သြစတြေးလျအသင်းကိုသာ သတိထားရမည်ဖြစ်ပြီး ကျန်နှစ်သင်းကိုမူ လွယ်ကူစွာကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။
မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စက်တင်ဘာတတိယပတ်ကတည်းက စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်၏ တောင်းဆိုမှုအရ ထိုင်းနိုင်ငံသားများပင်ဖြစ်သည့် ဂိုးနည်းပြနှင့် ကြံ့ခိုင်ရေးနည်ပြတို့ကို ခေါ်ယူ တာဝန်ပေးအပ်ထားသည်။
မြန်မာအသင်းသည် ပြိုင်ပွဲမတိုင်မီ ထိုင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
