၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့သည် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့သည်။
၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရီချန်းမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်တရုတ်၊ မြန်မာ။ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မကာအို၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂူအမ်၊ အီရန်၊ ဂျာမနီအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာလှေလှော်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် အမျိုးအစား ၈ မျိုး ဝင်ရောက်ယှဉ် ပြိုင်ခဲ့ရာ ၇ မျိုးတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ပြီး တစ်မျိုးတွင် စတုတ္ထနေရာ ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသား မီတာ(၂၀၀) ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ တရုတ်က ငွေတံဆိပ်၊ ရုရှားက ကြေးတံဆိပ်၊ အမျိုးသား မီတာ(၅၀၀) ၁၀ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်၊ အမျိုးသားမီတာ(၂၀၀၀) ၁၀ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ ထိုင်းက ငွေတံဆိပ်၊ တရုတ်က ကြေးတံဆိပ်၊ အမျိုးသား+ အမျိုးသမီး မီတာ (၂၀၀) ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ တရုတ်က ငွေတံဆိပ်၊ ရုရှားက ကြေးတံဆိပ်၊ အမျိုးသား+ အမျိုးသမီး မီတာ (၅၀၀) ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၊ တရုတ်က ငွေတံဆိပ်၊ ရုရှားက ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ယင်းအမျိုးအစား ငါးမျိုးတွင် မြန်မာလှေလှော်အဖွဲ့မှာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀) ၁၀ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ငွေတံဆိပ်၊ အင်ဒိုနီးရှားက ရွှေတံဆိပ်၊ ထိုင်းက ကြေးတံဆိပ်၊ အမျိုးသား+ အမျိုးသမီး မီတာ (၂၀၀၀) ၈ တက်လှော်ပြိုင်ပွဲတွင် မြန်မာက ငွေတံဆိပ်၊ တရုတ်က ရွှေတံဆိပ်၊ ရုရှားက ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာလှေလှော်အဖွဲသည် အမျိုးသား+ အမျိုးသမီး မီတာ(၂၀၀၀) ၁၀ တက်လှော်ပြိုင်ပွဲတွင်မူ စတုတ္ထနေရာသာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် ၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲကို ကစားသမား ၂၀ ဦးအပါအဝင် အုပ်ချုပ်၊ နည်းပြ အဖွဲ့ဝင် ၂၃ ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာလှေလှော်အဖွဲ့သည် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲအပြီးတွင် ဖိလစ်ပိုင်နိုင်ငံ၊ ပြူရာတိုပရင်ဆီဇာမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၂၄ ကမ္ဘာ့နဂါးလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အဖွဲ့သည် တရုတ်နိုင်ငံမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
မြန်မာလှေလှော်အဖွဲ့သည် ယင်းပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
