၂၀၂၄ ခုနှစ်အတွက် Ballon d'Or ဆု ချီးမြှင့်ပွဲအခမ်းအနားမတိုင်မီ တစ်ရက်အလိုတွင် ဆုရရှိသည့်စာရင်း ကြိုတင်ပေါက်ကြားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် Ballon d'Or ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ည မြန်မာစံတော်ချိန် ၂း၁၅ နာရီတွင် ကျင်းပမည်ဖြစ်သည်။
သို့သော် အောက်တိုဘာ ၂၇ ရက်ကတည်းက ဆုရရှိသည့်ကစားသမားစာရင်း ကြိုတင်ပေါက်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းစာရင်းတွင် မဲအများဆုံးရရှိသည့် ကစားသမား ၁၂ ဦးပါဝင်ပြီး တစ်ဦးချင်းစီ ရရှိသည့် ရမှတ်များကိုပါ ဖော်ပြထားသည်။
ကြိုတင်ပေါက်ကြားခဲ့သည့်စာရင်းအရ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာက ရမှတ် ၆၃၀ ဖြင့် Ballon d'Or ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
၎င်း၏ နောက်တွင် မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်လူ ရိုဒရီက ၅၇၆ မှတ်ဖြင့် ဒုတိယ၊ ရီးယဲလ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ၄၂၂ မှတ်ဖြင့် တတိယ ရပ်တည်ခဲ့သည်။
ထို့ပြင် အမ်ဘာပေ (ရီးယဲလ်) က ၃၁၇ မှတ်၊ ဟာရီကိန်း (ဘိုင်ယန်မြူးနစ်) က ၂၀၁ မှတ်၊ ဟာလန်း (မန်စီးတီး) က ၁၉၅ မှတ်၊ ယာမားလ် (ဘာစီလိုနာ) က ၁၂၈ မှတ်၊ ဖိုဒန် (မန်စီးတီး) က ၂၉ မှတ်၊ အော်လ်မို (ဘာစီလိုနာ) က ၂၅ မှတ်၊ ဗက်ဇ် (လေဗာကူဆင်) က ၂၄ မှတ်၊ ကာဗာဟယ်လ် (ရီးယဲလ်) က ၁၇ မှတ်နှင့် ရူဒီဂါ (ရီးယဲလ်၊ အမှတ်မသိရ) တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြသည်။
အဆိုပါ ဆုစာရင်းပေါက်ကြားမှုနှင့်ပတ်သက်၍ ပေါ်တူဂီစကားပြောသည့် ဂျာနယ်လစ်တစ်ဦးက '' ပေါက်ကြားခဲ့တဲ့ Ballon d'Or ဆုစာရင်းက တကယ်ဆိုရင် ဟာလန်းက ဘာကြောင့် အဆင့် ၆ ဖြစ်ရတာလဲဆိုတာ ရှင်းပြရပါမယ်။ ဗင်နီစီယပ်စ်ဂျူနီယာကတော့ ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန်ပါတယ်'' ဟု လူမှုမီဒီယာ X တွင် ပြောကြားသည်။
ဘောလုံးလောက၏ ဂုဏ်သိက္ခာကြီးမားသည့် Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်နေခြင်းဖြစ်ပြီး ယခုနှစ်တွင် ၆၈ ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်သည်။
ယခုနှစ် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆုအမျိုးအစား ၁၀ ခု ချီးမြှင့်မည်ဖြစ်သည်။
ကြိုတင်ပေါက်ကြားခဲ့သည့် ဆုရရှိမှုစာရင်း
အမည် အသင်း ရမှတ်
ဗင်နီစီယပ်စ် ရီးယဲလ် ၆၃၀
ရိုဒရီ မန်စီးတီး ၅၇၆
ဘယ်လင်ဂမ် ရီးယဲလ် ၄၂၂
အမ်ဘာပေ ရီးယဲလ် ၃၁၇
ဟာရီကိန်း ဘိုင်ယန်မြူးနစ် ၂၀၁
ဟာလန်း မန်စီးတီး ၁၉၅
ယာမားလ် ဘာစီလိုနာ ၁၂၈
ဖိုဒန် မန်စီးတီး ၂၉
အော်လ်မို ဘာစီလိုနာ ၂၅
ဗက်ဇ် လေဗာကူဆင် ၂၄
ကာဗာဟယ်လ် ရီးယဲလ် ၁၇
ရူဒီဂါ ရီးယဲလ် မသိရ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
