ဂျူဗင်တပ်စ်အသင်း၏ တူရကီလက်ရွေးစင်တောင်ပံကစားသမား ယီလ်ဒစ်ဇ်သည် အင်တာမီလန်အသင်းနှင့် (၄-၄)ဂိုးဖြင့် သရေကျခဲ့သည့် အီတလီစီးရီးအေပွဲစဉ်တွင် လူစားဝင်ကစားကာ အသင်းအတွက် အဖိုးတန်ချေပဂိုး (၂)ဂိုးသွင်းယူခဲ့ပြီးနောက် သမိုင်းတစ်လျှောက် အီတလီဒါဘီစီးရီးအေပွဲစဉ်တစ်ပွဲအတွင်း သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ယီလ်ဒစ်စ်သည် အဆိုပါအီတလီဒါဘီ စီးရီးအေပွဲစဉ်တွင် ပွဲချိန် (၆၂) မိနစ်တွင်မှ တီမိုသီဝီယာ၏နေရာတွင် လူးစားဝင်ကစားခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၇၁)မိနစ်နှင့် (၈၂)မိနစ်တို့တွင် ဂိုးများဆက်တိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ယီလ်ဒစ်ဇ်၏အသက်မှာ (၁၉)နှစ်၊ (၁၇၆)ရက်သာရှိသေးပြီး အီတလီဒါဘီပွဲစဉ်သမိုင်တစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
ဂျူဗင်တပ်စ်အသင်းအကယ်ဒမီထွက်ကစားသမားဖြစ်သူ ယီလ်ဒစ်ဇ်သည် ဥရောပဘောလုံးလောက၏ အနာဂတ်ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး စီနီယာအသင်းကြီးအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၄၄)ပွဲကစားထားရာတွင် ဂိုးပါဝင်ပတ်သက်မှု (၁၂)ကြိမ် (၇ ဂိုးသွင်း၊ ၅ ဂိုးဖန်တီး)အထိပြုလုပ်ပေးခဲ့သူဖြစ်သည်။
အဆိုပါအီတလီဒါဘီပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းသည် ပွဲချိန်မိနစ် (၇၀) အထိ (၂-၄)ဂိုးဖြင့်ရှုံးနိမ့်နေပြီးနောက် ကျချေပဂိုးများကြောင့်သာ သရေတစ်မှတ်ဖြင့်ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
တူရကီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၁၆)ပွဲကစားပေးထားသူ ယီလ်ဒစ်ဇ်သည် ဂျူဗင်တပ်စ်အသင်း နှင့် ၂၀၂၉ ခုနှစ် နွေရာသီအထိ စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်ပြီး အသင်းတွင် ဆက်ရှိရန်သာ ဆန္ဒရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
