ချယ်လ်ဆီးအသင်း၏ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်သည် အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး(၂၀) အမြန်ဆုံးသွင်းယူနိုင်သည့် (၅)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
နီကိုလက်စ်ဂျက်ဆင်(၂၃ နှစ်)သည် ၂၀၂၃ နွေရာသီတွင် ဗီလာရီးယဲလ်မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ ပရီးမီးယားလိဂ်(၃၅)ပွဲတွင် (၁၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီ၌ (၉)ပွဲကစားအပြီးတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းအနေဖြင့် ပရီးမီးယားလိဂ် ဂိုး (၂၀)ကို (၄၄)ပွဲကစားကာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သောကြောင့် (၅)ဦးမြောက် အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး(၂၀)ကို ပွဲအရေအတွက်အနည်းဆုံးဖြင့် အမြန်ဆုံးသွင်းယူနိုင်သည့်ကစားသမားမှာ စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဖြစ်ပြီး (၂၆)ပွဲကစားကာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအမြန်ဆုံးအဖြစ် ဟက်ဆယ်ဘိန့်က (၂၇)ပွဲဖြင့် ရပ်တည်နေပြီး ကိုးလ်ပါလ်မာက (၃၃)ပွဲဖြင့် တတိယနေရာ၊ မာ့ခ်စတိန်းက (၃၇)ပွဲဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။
ဂျက်ဆင်၏ သွင်းဂိုးများထဲ၌ ပယ်နယ်တီဂိုး ပါဝင် ခြင်းမရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
