ရီးယဲလ်မက်ဒရစ်အသင်းအား အနိုင်ရခဲ့သည့် El Clasico လာလီဂါပွဲစဉ်တွင် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်နှင့် ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်တို့ စံချိန်မှတ်တမ်းသစ်များ အသီးသီးပိုင်ဆိုင်နိုင်ခဲ့ကြောင်းသိရသည်။
ဟန်ဆီဖလစ်ခ်သည် ဘာစီလိုနာနည်းပြဘဝ ပထမဆုံးကိုင်တွယ်သည့် El Clasico ပွဲစဉ်တွင် ဘာနေဗျူးကွင်း၌ ရီးယဲလ်အသင်းအားအနိုင်ရခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဟန်ဆီဖလစ်ခ်မတိုင်မီက အင်္ဂလန်လူမျိုးနည်းပြ တယ်ရီဗာနေဘယ်လ် (၁၉၈၄)သည် ဘာစီလိုနာအသင်းနည်းပြအဖြစ် El Clasico ပွဲစဉ်အား ပထမဆုံးအကြိမ်ကိုင်တွယ်ရာတွင် ဘာနေဗျူးကွင်း၌ ရီးယဲလ်အသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီး စံချိန်မှတ်တမ်းတင်ရှိထားခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်း၏ စပိန်ဆယ်ကျော်သက်တောင်ပံကစားသမား ယမားလ်မှာလည်း အသက် (၁၇)နှစ်၊ (၃)လ၊ (၁၄)ရက်ဖြင့် El Clasico လာလီဂါပွဲစဉ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
