၂၀၀၆-၂၀၀၇ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာစီလိုနာနှင့် ဂီတာဖေးအသင်းတို့ကစားသည့်ပွဲ၌ မက်ဆီသွင်းယူခဲ့သည့်ဂိုးမှာ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကောင်း ဆုံးဂိုးအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဘာစီလိုနာအသင်း စတင်တည်ထောင်ချိန်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၁၁၉ နှစ်အတွင်း သွင်းယူခဲ့သည့် ဂိုးများအနက် အကောင်းဆုံးဂိုးရွေးချယ်ရန် ပရိသတ်များအား မဲပေးစေရာ မက်ဆီ၏သွင်းဂိုး က မဲအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်သွင်းဂိုး ၆၃ ဂိုး ရွေးချယ်၍ မဲပေးစေရာ သုံးလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၆၀ ကျော်မှ ပရိသတ်ငါးသိန်းဝန်းကျင်က ဝင်ရောက်မဲပေးခဲ့ကြောင်း သိရ သည်။
အကောင်းဆုံးဆုရရှိသည့်သွင်းဂိုးကို မတ် ၂၈ ရက်က ထုတ်ပြန်ကြေညာရာ ဂီတာဖေးအသင်းနှင့်ပွဲမှ မက်ဆီ၏သွင်းဂိုးက မဲအရေအတွက် ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ယင်းပွဲတွင် မိမိကွင်းဘက်ခြမ်းမှ ပြိုင်ဘက်ဂိုးဧရိယာအထိ ကစားသမားလေးဦးကို ကျော်ဖြတ်ဆွဲပြေးလာ ပြီး ဂိုးသမားကိုပါ ထပ်မံလိမ်ခေါက်၍ လှလှပပသွင်းယူခဲ့သောကြောင့် အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။
ယင်းဂိုးမှာ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်၌ အာဂျင်တီးနားနှင့် အင်္ဂလန်ပွဲမှ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏သွင်းဂိုးနှင့် တစ်ပုံစံတည်းနီးပါးတူညီနေကြောင်း သိရသည်။
ထို့ပြင် အကောင်းဆုံးသွင်းဂိုးဆု ဒုတိယ နှင့် တတိယနေရာတွင်လည်း မက်ဆီ၏သွင်းဂိုးများကသာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ ဘီလ်ဘာအိုအသင်းဘက်သို့ သွင်းယူခဲ့သည့် ဂိုးက မဲအရေအတွက် ၂၈ ရာခိုင်နှုန်း၊ ၂၀၁၀- ၂၀၁၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဘာနေဗျူးကွင်း၌ ရီး ယဲလ်အသင်းဘက်သို့ သွင်းယူခဲ့သည့်ဂိုးက မဲအရေအတွက် ၁၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် PSG အသင်းအား (၆-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲ နာကျင်အချိန်ပိုတွင် ဆာဂျီရောဘတ်တိုသွင်း ယူသည့် နောက်ဆုံးဂိုးမှာ မဲအရေအတွက် ၁၁ ရာခိုင်နှုန်းဖြင့် စတုတ္ထမဲအများဆုံးရရှိသည်။
ဘာစီလိုနာအသင်းသည် အကောင်း ဆုံးသွင်းဂိုးဆုရွေးချယ်ရန် ဝင်ရောက်မဲပေးခဲ့သူ ငါးသိန်းကျော်အနက် နှစ်ဦးကို ရွေးချယ်၍ မေ ၂၅ ရက်တွင် ဆီဗီလာအသင်းနှင့်ကစားမည့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ VIP လက် မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
